ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးဝါးအတု ထုတ်လုပ်ဖြန့်ချိမှု စစ်ဆင်ရေး စတင် |
ဆေးတုထုတ်လုပ်ဖြန့်ချိရောင်းချသူတွေကိုဖမ်းဖို့ သမ္မတဒူတာတေး အမိန့်ထုတ်လိုက်ပြီလို့ သမ္မတရဲ့ ဥပဒေကောင်စီ အကြီးအကဲ ဆာလ်ဗေးဒိုးပါနီလို ကပြောပါတယ်။ အခုလိုဆေးတုထုတ်လုပ်ဖြန့်ချီတာ ဟာ နိုင်ငံစီးပွားရေးကိုတင်မကဘဲ၊ လူအများစုကျန်းမာရေးကို ဆိုးဝါးစေတဲ့အတွက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ဆိုပါတယ်။
ဝင်ငွေနဲတဲ့သူတွေ၊ အသင့်အတင့်ပဲရှိတဲ့သူတွေများတဲ့နိုင်ငံတွေမှာ ထုတ်လုပ်ရောင်းချနေတဲ့ဆေး ၁၀ ပုံ ၁ ပုံက အတု၊ ဒါမှမဟုတ် အရည်အသွေးမမှီတာတွေဖြစ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ကမ္ဘာတဝှမ်း ဆေးဝါးတုထုတ်လုပ်ဖြန့်ချိနေတဲ့ ပမာဏာဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုးလောက်ရှိတယ်လို့လဲ WHO ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
PRESIDENTIAL PHOTO
RFA Burmese
https://www.facebook.com/rfaburmese/
ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးဝါးအတု ထုတ်လုပ်ဖြန့်ချိမှု စစ်ဆင်ရေး စတင်
Reviewed by THITHTOOLWIN
on
00:14
Rating: