တာချီလိတ် မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဖန်မင်ကျေးရွာအုပ်စု၌ လူသေအလောင်း သုံးလောင်းကိုနှစ်ရက်ဆက် တိုက် တွေ့ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၃ ရက် နေ့လည် ၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဖန် မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာ၊ ဦးဂျဟေး၏ လိမ္မော်ခြံအနီးရှိ ရေကန်အ တွင်း၌ ရေနစ်သေဆုံး နေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ လိမ္မော်ခြံအနီးရှိ အကျယ် ၂၀ ပေပတ်လည်ခန့်၊ အနက် ၈ ပေခန့်ရှိ ရေကန်၏ အနောက်ဘက် ကမ်းစပ်အနီး၌ အမည်မသိ(စိစစ်ဆဲ) အမျိုးသား တစ်ဦးအား ပက် လက်အနေအထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိပဲ လွန်ခဲ့သော ၁၀ ရက်ခန့်က ပုပ်ပွကာ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် အလောင်း အား ပြည်သူ့ဆေးရုံသို့ ဆေးစာရေးသား ပို့ အပ်ခဲ့သည်။
အလားတူ မတ် ၁၄ ရက်နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ရေချောင်းအတွင်း အမျိုးသား တစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ တာချီလိတ်မြို့မ စခန်းမှူးနှင့် တာဝန်ရှိသူများသည် သွားရောက်စစ်ဆေးရာ မယ်ဟုတ်တံတားအနီး ရေချောင်းထဲတွင် အမျိုးသားတစ်ဦးမှာ မှောက်လျက်အနေ အထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိ ပဲ ရေနစ် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာသေဆုံးသူမှာ ဦးအိုက်ဆု (၆၆ နှစ်) ဆိုသူဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ဝက်ရှူးပြန်ရောဂါရှိခဲ့သူဖြစ်ပြီး မယ်ယန်းရွာထဲတွင် တစ်ဦး တည်း လှည့်ပတ်လျှောက်သွားနေသူဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက်ခန့်က မယ်ဟုတ်ရေချောင်းဘေး တွင် လျှောက်သွားရာမှ ပျောက်ဆုံးသွားခဲ့ကြောင်း စစ်ဆေးသိရှိရပြီး အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ဆေးစာရေးသား ပို့အပ်ခဲ့သည်။
ထို့အပြင် ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ အပိုင်း(စ)၊ ဟုန်ပန်းဝက်ခြံအနီး မြေကွက်လပ် ချုံတောထဲ တွင် အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်းအရ မြို့မစခန်းမှူးနှင့် တာဝန်ရှိသူများသွားရောက် စစ်ဆေးရာ ဟုန်ပန်းဝက်ခြံအနီး မြေကွက် လပ် ချုံတောထဲတွင် အသက် ၂၅ နှစ်ခန့် အမည်မသိ အမျိုးသား တစ်ဦးမှာ လွန်ခဲ့သော ၇ ရက်ခန့်က ပက်လက်အနေအထားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွလျက် ပြင်ပဒဏ်ရာကြည့်ရှုမရသည့် အမျိုးသားအလောင်း အား တွေ့ရှိရသဖြင့် အလောင်းအား တာချီလိတ်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးစာရေးသား ပို့အပ်ခဲ့သည်။
အမှုမှ အမည်မသိ(စီစစ်ဆဲ)အမျိုးသား နှစ်ဦးနှင့် ဦးအိုက်ဆု(၆၆ နှစ်) ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာနေသူတို့ သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်သဖြင့် စစ်ဆေးဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
တာချီလိတ်၌ လူသေအလောင်း သုံးလောင် နှစ်ရက်ဆက်တိုက်တွေ့ရှိ
Reviewed by THITHTOOLWIN
on
08:10
Rating: