နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများ ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက် ကတိသစ္စာပြု
![]() |
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးဝင်းမြင့်နှင့် ဒုတိယသမ္မနှစ်ဦးတို့ ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုနေကြစဉ် (ဆင်ဟွာ) |
နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဦးဝင်းမြင့် နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူများ ဖြစ်သည့် ဦးမြင့်ဆွေ နှင့် ဦးဟန်နရီ ဗန်ထီးယူ တို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့ မှောက်တွင် ကတိသစ္စာ ပြုခြင်းများအား ယနေ့ မတ် ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများက ၄င်းတို့ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် နိုင်ငံသားများ အပေါ် သစ္စာ စောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ ကို ထာဝစဉ် ဦးထိပ် ပန်ဆင် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ၊ ဤနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်သိ လိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံး ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ၊ မိမိ၏ တာဝန် ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ပိုမို ထွန်းကားရေး အတွက် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိ သစ္စာ ပြုခဲ့ကြသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့သည်။ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး သို့ တက်ရောက်ခွင့် ရှိသူ ၆၅၅ ဦး အနက် ၆၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com/myanmar
နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများ ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက် ကတိသစ္စာပြု
Reviewed by THITHTOOLWIN
on
11:45
Rating:
