လှိုင်သာယာမြို့နယ် ရွှေသံလွင်ဝန်း ရွှေတွံတေးသဲကွင်း၌ အပြန်အလှန်စကားများကြပြီး ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား


ရန်ကုန် ၂၇ မတ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာရှိ ရွှေသံလွင်ဝန်း၊ ရွှေတွံတေးသဲကွင်း၌ မတ် ၂၆ ရက်နေ့က ပြန်အလှန် စကားများကြပြီး ခိုက်ရန်ဖြစ်ပွား၍ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်အောင်မြို့နယ် ရွှေမင်းသားကျောက်သင်္ဘောဖြင့် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ရွှေသံလွင်ဝန်း ရွှေတွံတေး သဲကွင်းတွင် ကျောက်စရစ်များချနေစဉ် ကျောက်စရစ်တင်သည့် သံသင်္ဘောနောက် ဘက် လုပ်သားများ နားနေဆောင်အတွင်း၌ လူတစ်ဦး ဦးခေါင်းသွေးထွက်လျက် လဲနေကြောင်းကြားသိရ၍ ဦးကျော်ဝင်းမှသွားရောက်ကြည့်ခဲ့ရာ လှေတွင်အလုပ်လုပ်ကိုင်နေသော အငယ်လေး ကနောင်ကျေးရွာနေသူ ဖြစ်ကြောင်း သိရှိရသည်။

အငယ်လေးသည် မတ် ၂၆ ရက် ညနေ ၄ နာရီအချိန်ခန့်က သင်္ဘောတွင် ထက်မြတ်အောင်(ခ)ထက်မြတ်နှင့် အတူအလုပ်လုပ်ကိုင်ရင်း မတော်တဆထိခိုက်ရာက စကားများရန်ဖြစ်ကြပြီး အငယ်လေးအား ထက်မြတ်အောင်ဆို သူက သံတုတ်နှင့် ဦးခေါင်းအားရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိကာ တာဝန်ရှိသူများက လှိုင်သာယာပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့စဉ် ပြင်းထန်သောဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

တရားခံ ထက်မြတ်အောင်(ခ)ထက်မြတ် ကနောင်ကျေးရွာ မြန်အောင်မြို့နယ်နေသူသည် ထွက်ပြေးတိမ်းရှောင် လျက်ရှိရာ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြတ်စိုးအဖွဲ့မှ တရားခံဖမ်းဆီးနိုင်ရေး နယ်မြေပိတ်ဆို့ ရှာဖွေခဲ့ရာ ၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး အမှုအား သောင်ကြီးနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းလင်းဇော်(လှိုင်သာယာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
လှိုင်သာယာမြို့နယ် ရွှေသံလွင်ဝန်း ရွှေတွံတေးသဲကွင်း၌ အပြန်အလှန်စကားများကြပြီး ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား လှိုင်သာယာမြို့နယ် ရွှေသံလွင်ဝန်း ရွှေတွံတေးသဲကွင်း၌ အပြန်အလှန်စကားများကြပြီး ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.