![]() |
မြန်မာအလုပ်သမား တွေစီးလာတဲ့ကားမီးလောင် (AAC) |
ထိုင်းနိုင်ငံတွင်းကို နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ အလုပ်လုပ်ကြတဲ့မြန်မာအလုပ်သမား ၅၀ထက်မနည်း စီးနင်းလိုက်ပါလာတဲ့ ၂ထပ်ကားတစီးဟာ မဲဆောက်မြို့ကနေ မတ်လ ၂၉ရက်နေ့ညက ထွက်လာခဲ့ပြီး တာခရိုင်အတွင်းမှာပဲည ၂နာရီခန့်က တောင်ပေါ်ကအဆင်းမှာ ကားတစီးလုံးမီးလောင်ခဲ့ပါတယ်။ ဒီိထဲမှာလူ၂၀ထက်မနည်းဟာ မီးလောင်သေဆုံးမူတွေရှိခဲ့တယ်ဆိုပြီး အလုပ်သမားတွေသတင်းပေးပို့ လာတဲ့အကြောင်း အေအေစီအဖွဲ့ ဝင်တဦးကပြောပြပါတယ်။
"MOU နဲ့ လုပ်ပြီးထိုင်းနိုင်ငံကို တက်လာတယ် မီးလောင်မူရှိတာကတော့ ကားပေါ်မှာလူ၅၀ကျော်လောက် ပါတယ်။ ဆက်သွယ်ဆဲပါ မီးလောင်သေဆုံးတာက ၂၀ကျော်လောက်ဆိုတယ် သေဆုံးမူ ရဲအတိအကျကို ကျနော်တို့ ခန့်မှန်းလို့ မရသေးဘူး အတိအကျမပြောနိုင်သေးပါဘူး ၂၀ကျော်သေဆုံးတယ်လို့ပြောတယ်"
သေဆုံးသူတွေဒဏ်ရာပြင်ထန်းသူတွေကိုတော့ တာ့ခ်ခရိုင်ကယ်ဆယ်ရေးအဖွဲဝင်တွေ က တာ့ခရိုင်မှာရှိတဲ့ ဆေးရုံပို့ပေးနေပြီးအလုပ်သမားတွေစီးလာတဲ့ကားတစီးလုံးကတော့မီးလောင်သွားခဲ့ပါတယ်။ မြန်မာဘက်ကကုမ္ပဏီတွေက မဲဆောက်မြိုကနေကားတစီးလုံးကို ဌားရမ်းပြီး ဘန်ကောက်ကိုပို့ဖို့လုပ်ဆောင်ခဲ့တာကြောင့် ကားပေါ်မှာမြန်မာအလုပ်သမားတွေပဲပါဝင်တာပါ။ ကားမီးလောင်တာကတော့ တောင်ပေါ်အဆင်းလမ်းမှာဖြစ်ပြီးလူသွားလူလာနည်းတဲ့နေရာမှာဖြစ်တာ မီးသတ်ကားအရေးပေါ်မလာနိုင်သေးတဲ့အခြေအနေကြောင့်မီးလောင်မူကို ချက်ချင်းမတားဆီးနိုင်ခဲ့ဘူးလို့လည်းတာခရိုင်ကယ်ဆယ်ေ၇းအဖွဲတွေကပြောဆိုခဲ့ပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မဲဆောက်အနီး ကားမီးလောင် မြန်မာ ၂၀ ကျော်သေဆုံး
Reviewed by THITHTOOLWIN
on
07:45
Rating:
