ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ လှေမှောက်ပြီး သားအမိလေးဦးသေဆုံးခဲ့ပါတယ်။ မတ်လ(၁၅)ရက် ဒီနေ့ မနက်အစောပိုင်း (၁၂)နာရီခွဲလောက်က လပွတ္တာမြို့နယ်
ရေတွင်းဆိပ်ကျေးရွာနားက သောင်ဒူမြစ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။ မိသားစုဝင် (၆)ဦးဟာ ဆားကွင်းမှာ အလုပ်လုပ်ဖို့သွားရင်း အခုလို ဖြစ်ပွားခဲ့တာပါ။
လှေကို မိခင်ဖြစ်သူက လှော်တာဖြစ်ပြီး ညဘက်လေပြင်းတိုက် တဲ့အချိန်နဲ့ မှောက်တဲ့နေရာကလည်း လှိုင်းနည်းနည်းရှိတာကြောင့် အခုလိုဖြစ်ပွားတာလို့ ပြင်စလူနယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်မိုးအောင်ကပြောပါတယ်။
ဖြစ်စဉ်မှာ အသက်(၃၆)နှစ်အရွယ် မိခင်နဲ့ အသက် (၆)လ၊ (၃)နှစ်နဲ့ (၆)နှစ်အရွယ် သမီးသုံးဦးသေဆုံးခဲ့ပါတယ်။ ဖခင်ဖြစ်သူနဲ့ အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦး အသက်ရှင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်စလူနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈)နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
https://www.facebook.com/5plusnews/
လပွတ္တာမှာ လှေမှောက်ပြီး သားအမိလေးဦးသေဆုံး
Reviewed by THITHTOOLWIN
on
18:30
Rating: