ပြင်သစ် ခွေးဘီလူး |
ဒီအတွက် ယူနိုက်တက် အဲလိုင်း လေကြောင်းက တောင်းပန် ခဲ့ရပါတယ်။
ဒီလို ဝမ်းနည်းစရာ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်စေရပါဘူး၊ ဒီအတွက် စုံစမ်း စစ်ဆေးသွားမယ် လို့လည်း လေကြောင်းလိုင်းဘက်က ပြောကြား ခဲ့ပါတယ်။
ခွေးထည့်လာတဲ့ အိတ်ကို လော့ကာ ထဲ ထည့်ဖို့ပြော |
ခရီးသည်က သူ့အိတ်ထဲမှာ ခွေးပါတယ် ဆိုပြီး အိတ်ကို ပြန်ယူတယ်၊ လေယာဉ် ဝန်ထမ်း ဘက်က အတင်း ထည့်ခိုင်းနေလို့ ထည့်ခဲ့ရတယ်လို့ သက်သေ တွေက ဆိုကြပါတယ် ။
လေယာဉ် ဆိုက်တဲ့အချိန်မှာတော့ ခွေးက သေနေပါပြီ၊ ခွေးရှင် အမျိုးသမီး ကတော့ လေယာဉ် လူသွားလမ်း ကြမ်းပြင်ပေါ်မှာ ထိုင်ငိုနေတယ် လို့လည်း ပြောပါတယ်။
မြင်ရသူ တယောက်ကတော့ ဒီဖြစ်ရပ်အတွက် ရင်ကွဲမတတ် ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ ခွေးပါလာမှန်း မသိကြောင်း လေယာဉ်ဝန်ထမ်းက နောက်ပိုင်းမှာ ပြောဆိုပါတယ်။
ယူနိုက်တက် အဲလိုင်း လေကြောင်း လေယာဉ်တွေ |
လေယာဉ် ပေါ် လိုက်ပါလာတဲ့ အိမ်မွေး တိရစ္ဆာန် တွေကို ခွင့်ပြုထားတဲ့ အိတ်မျိုးနဲ့သာ သယ်ရမယ် လို့လည်း လေကြောင်းလိုင်းက သတ်မှတ် ထားပါတယ်။
ဒီအိတ်ဟာ ခုံအောက်မှာ ထားလို့ရတဲ့ အရွယ် ဖြစ်ရမယ် လို့လည်း ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
လေယာဉ် လော့ကာထဲ ပိတ်မိလို့ ခွေးဘီလူးသေ
Reviewed by THITHTOOLWIN
on
20:40
Rating: