ဟိုပင် မတ် ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မြောက်ဘက် လေးမိုင်ခန့်အကွာ ကြာကြီးကွင်းရွာတောင်ဘက်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ၂၂ ဘီး ဆီဘောက်ဆာတွဲကားတစ်စီး အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ညာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟိုပင်မြို့မြောက်ဘက်အထွက် ကြာကြီးကွင်းရွာအနီး မိုင်တိုင် ၂ဝ၂/၅ အနီးရှိ ကွန်ကရစ်တံတားအရောက်တွင် ဟိုပင်ဘက်မှ မြစ်ကြီးနား ဘက်သို့ ယာဉ်မောင်း ရဲနိုင်ထွန်း(၂၆)နှစ် မန္တလေးမြို့နေသူ မောင်းနှင်လာ သောSINO TRUK၂၂ ဘီးတွဲကား ဆီဘောက်ဆာ အနီရောင် 3N/----ယာဉ်သည် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ၂၂ ဘီး တွဲကားအဖြူရောင် ယာဉ်အမှတ် (မမှတ်မိ) ယာဉ်အား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက် တံတားလက်ရန်း အကာကွန်ကရစ်ခုံ အား တိုက်မိ၍ ကွန်ကရစ်ခုံကျိုးပဲ့ပြီး အောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားတိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ် မဆင်မခြင်မောင်းနှင်သူ ရဲနိုင်ထွန်းအား ဟိုပင်ရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
မင်းမင်းဦး
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဟိုပင်တွင် ဆီဘောက်ဆာယာဉ်တိမ်းမှောက်
Reviewed by THITHTOOLWIN
on
19:19
Rating: