တာချီလိတ်လေဆိပ်၌ တရားမဝင်ရောက်ရှိလာသော တရုတ်နိုင်ငံသားနှင့် အားပေးကူညီခဲ့သူ မြန်မာနိုင်ငံသား တို့အား အရေးယူ


တာချီလိတ် မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့လေဆိပ်၌ တာချီလိတ်မှ မန္တလေးသို့ သွားရောက်မည့် တရုတ်နိုင်ငံသား တစ်ဦးနှင့် အားပေးကူညီ ခဲ့သူ အမျိုးသမီး တစ်ဦးကို မတ် ၂၈ ရက် နံနက်ပိုင်းက အမှုဖွင့်အရေးယူ
ဆောင်ခဲ့ကြောင်းသိရသည်။

မတ် ၂၇ ရက်နေ့ည ၇ နာရီအချိန်တွင် တာချီလိတ်မြို့လဝကဌာနခွဲ (၆)မှ လဝကမှူး ဦးထွန်းမြင့်ဝင်းသည် တာချီလိတ်မြို့လေဆိပ်တွင်တာဝန် ထမ်းဆောင်နေစဉ် ရန်ကုန်အဲယားဝေး လေကြောင်းလိုင်းဖြင့် တာချီလိတ် မှ မန္တလေးမြို့သို့ သွားရောက်ရန် ရောက်ရှိလာသော မလောက်ဂျယ်နှင့် အတူ ပါလာသော တရုတ်နိုင်ငံသား တစ်ဦးအား စစ်ဆေးမေးမြန်ရာ အထောက်အထားလက်မှတ် တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သဖြင့် လဝကဌာခွဲရုံးသို့ ခေါ်ယူစစ်ဆေးရာ တရုတ်နိုင်ငံသား Mr.Li Yu Rong ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ မယ်ဆိုင်ရေချောင်းအား ဖြတ်ကာ တာချီလိတ်မြို့အတွင်းသို့ တရားဝင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မပါရှိ ပဲ မတ် ၂၆ ရက်နေ့က ဝင်ရောက်လာ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် တရုတ်နိုင် ငံသား မြ.ူင့ ကျွသညါ (၃၄ နှစ်)၊ ရန်ဟာကျန်ရပ်ကွက်၊ ကွမ်းကျိုးမြို့နေ ထိုင်သူ တရုတ်နိုင်ငံ သားနှင့် ဝင်ရောက်ရန် အားပေးကူညီ ခေါ်ဆောင်ခဲ့သူ မလောက်ဂျယ်(၂၈ နှစ်)၊ ဆည်ဦးရွာ၊ ရွာသာရာအုပ်စု၊ မိုးကုတ်မြို့နေ သူတို့ကို တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထား
ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
တာချီလိတ်လေဆိပ်၌ တရားမဝင်ရောက်ရှိလာသော တရုတ်နိုင်ငံသားနှင့် အားပေးကူညီခဲ့သူ မြန်မာနိုင်ငံသား တို့အား အရေးယူ တာချီလိတ်လေဆိပ်၌ တရားမဝင်ရောက်ရှိလာသော တရုတ်နိုင်ငံသားနှင့် အားပေးကူညီခဲ့သူ မြန်မာနိုင်ငံသား တို့အား အရေးယူ Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.