ဦးရာဇ်တောင်ဘုရားပွဲတွင် ခိုက်ရန်ဖြစ်ပွားသဖြင့် ပွဲရပ်နားလိုက်ရ


ဇောင်း(ပုဏ္ဏားကျွန်း) / DMG

ရခိုင်ပြည်နယ်၏ တန်ခိုးကြီးစေတီတော်တစ်ဆူဖြစ်သည့် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်စေတီပွဲ ပြိုင်လောင်းပြိုင်ပွဲတွင် ကျေးရွာအချင်းချင်း ခိုက်ရန်ဖြစ်ပွားသဖြင့် ပွဲကိုရပ်နားလိုက်ရကြောင်း သိရသည်။

ခိုက်ရန်ဖြစ်ပွားသည့်ကျေးရွာများမှာ ကျောက်ဆိပ်ကျေးရွာနှင့် သာစည်ကျေးရွာတို့ဖြစ်ပြီး ကျောက်ဆိပ်မှ ၃ ဦး၊ သာစည်မှ ၉ ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


ယင်းသို့ ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် ဦးရာဇ်တော်စေတီပွဲတော် နောက်ဆုံးရက်ဖြစ်သည့် မတ်လ ၂၆ ရက်နေ့တွင် ကျင်ပွဲတစ်ခုမှလွဲပြီး ကျန်သည့် ဇာတ်ပွဲနှင့် ပြိုင်လောင်းပွဲကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

Development Media Group
https://www.facebook.com/dmgnewsagency
ဦးရာဇ်တောင်ဘုရားပွဲတွင် ခိုက်ရန်ဖြစ်ပွားသဖြင့် ပွဲရပ်နားလိုက်ရ ဦးရာဇ်တောင်ဘုရားပွဲတွင် ခိုက်ရန်ဖြစ်ပွားသဖြင့် ပွဲရပ်နားလိုက်ရ Reviewed by THITHTOOLWIN on 13:24 Rating: 5
Powered by Blogger.