![]() |
(မြန်မာနိုင်ငံဘက်သို့ ထွက်ခွာနေကြသည့် ဘင်္ဂလာဒေ့ရှ်မှ တောင်ပေါ် ဒေသခံများကို နယ်စပ် တောနက်ထဲတွင် တွေ့မြင်ရစဉ်) |
ဘင်္ဂလာဒေ့ရှ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် စစ်တကောင်းတောင်တန်းနယ်မှ မြိုမိသားစု တစ်စုသည် မြန်မာသို့ ထွက်ပြေးလာစဉ် လမ်းတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး ကလေးငယ်များ အပါအ၀င် သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု Teknaf News သတင်းတွင် ဖော်ပြသည်။
ယင်းဖြစ်ရပ်မှာ မတ် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများကို ဘင်ဒရိုဘင် ခရိုင် အလယ်ခွာတောင် ဆေးရုံတွင် တင်ထားရသည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းတို့မြိုမိသားစုမှာ အလယ်ခွာတောင် ဒေသမှ ဖြစ်ကြောင်း သတင်းအရ သိရသည်။
ယခုအခါ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်ဒရိုင်ဘင် စစ်တကောင်းတောင်တန်းနယ်မှ တောင်ပေါ်သားများသည် မြန်မာနိုင်ငံတွင် ခိုလုံရန် ထွက်ပြေးနေကြရာ မြန်မာဘက်သို့ လူပေါင်း ၃၀၀ ခန့်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ရမ္မက်ကြီး ယူပီ ချေယာမန် မောင်ရွှေဦးက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထွက်ပြေးသွားကြသည့် လူမျိုးများမှာ မြို၊ မာရမာ (ရခိုင်) ၊ ထရိပူရ (မြုံ)၊ လူမျိုးများဖြစ်ကြသည်ဟု သူက ဆိုသည်။
တန်းဆိပ်ချေယာမန် ကျော်လှစိန်က ယခုလအတွင်း တန်းဆိပ်မှ မိသားစု ၃၆ စုနှင့် အလယ်ခွာတောင်မှ မိသားစု ၂၀ မှာ မြန်မာဘက်သို့ ထွက်ပြေးသွားကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် တောင်ယာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းကြသူများ ဖြစ်ကြပြီး ယခုနှစ်အတွင်း ယာလုပ်ငန်းတွင်လည်း သီးနှံမဖြစ်ထွန်းကြောင်း၊ ယာများကိုလည်း ယခင်ကလို ခုတ်၍ မရတော့ကြောင်း၊ အလုပ်အကိုင် အခွင့်လည်း မရှိဖြစ်လာရာမှ မြန်မာဘက်သို့ ထွက်ပြေး ခိုလုံသွားကြသည်ဟု ဖော်ပြသည်။
တစ်ခြား တစ်ဘက်တွင်လည်း မြန်မာနိုင်ငံတွင် လယ်မြေနှင့် အိမ်များ ထောက်ပံ့ပေးသည်ဟု သတင်းများအရ သွားကြခြင်း ဖြစ်ကြောင်းလည်း ဖော်ပြသည်။
ဘင်ဒရိုဘင်ခရိုင်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ အစ္စလာမ်ဟူစိန်က စစ်တကောင်းတောင်တန်း နယ်ရှိ လူနည်းစု တိုင်းရင်းသားများ အတွက် အလုပ်အကိုင် အခွင့်အလန်းများ ဖန်တီးပေးရန် လိုအပ်ကြောင်၊ မြန်မာသို့ ထွက်ပြေးသွားသူများ၏ အိမ်များကို မဖြိုဖျက်ရန်နှင့် ပျက်စီးပါက ပြန်လည်ပြုပြင်ပြီး ဘင်္ဂလာသို့ ပြန်ဝင်လာပါကလည်း ပြန်လည် လက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းတွင် ရေးသားထားသည်။
Narinjara
https://www.facebook.com/Narinjara
မြန်မာသို့ ထွက်ပြေးလာသည့် မြိုမိသားတစ်စု နယ်စပ်တွင် မိုင်းကွဲ၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
04:30
Rating:
