မင်္ဂလာဆောင်မှအပြန် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


ကျိုင်းလပ် မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၊ ရပ်ကွက်(၁)၊ ဝမ်လုံကျေးရွာ၌ မတ် ၂၇ ရက်ည ပိုင်းက မင်္ဂလာဆောင်မှအပြန် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။

မတ် ၂၇ ရက် ည ၈ နာရီခန့်တွင် ကျိုင်းလပ်မြို့၊ ရပ်ကွက်(၁)၊ ဝမ် လုံကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ကျိုင်းလပ်နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် ကောင်းမြတ်ထွေးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု့ရာ အိုက် ခမ်းဖုံ (၃၈ နှစ်)၊ ရပ်ကွက်(၁)၊ ဝမ်လုံကျေးရွာ၊ ကျိုင်းလပ် မြို့နေသူမှ နေ အိမ်ဘုရားစင်ဘေးအပေါ်ခေါင်ထုတ်တန်း၌ နိုင်လွန်ကြိုး အစိမ်းရောင်ဖြင့် ကြိုးဆွဲချသေ ဆုံးနေသည်ကို တွေ့ရှိရသည်။

 သေဆုံးသူမှာ နေအိမ်ဘေးရှိ မင်္ဂလာဆောင်၌ အရက်အနည်း ငယ်သောက်စားကာ ညနေ ၅ နာရီ ခန့် တွင် ၄င်းနေအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် ဇနီးဖြစ်သူမှ နေအိမ်တခါးအား ခေါက်၍အော် ခေါ်ခဲ့ရာ ခေါ်ဆိုမရသဖြင့် သေဆုံးသူ၏ အစ်ကိုဖြစ်သူ အိုက်ဘွန်းက နေအိမ်တံခါးအားဖျက်၍ ဝင်ရောက်ခဲ့ရာ အိုက်ခမ်းဖုံမှာ နေအိမ်ထုတ်တန်း၌ ကြိုးဆွဲချသေဆုံးနေသည် ကို တွေ့ရှိရသဖြင့် ကျိုင်းလပ်ပြည်သူ့ဆေးရုံးသို့ ဆေးစာဖြင့် ပို့ခဲ့သည်။

အမှုမှ အိုက်ခမ်းဖုံ သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
အား စစ်ဆေးနိုင်ရန် သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
မင်္ဂလာဆောင်မှအပြန် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး မင်္ဂလာဆောင်မှအပြန် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.