ရပ်ထားသည့် (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိသည့် ဆိုင်ကယ် ယာဉ်အောက်ဝင်သွားပြီး ဆိုင်ကယ်သမား အခင်းဖြစ်နေရာ၌ သေဆုံး

ရပ်ထားသည့် (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိသည့် ဆိုင်ကယ် ယာဉ်အောက်ဝင်သွားပြီး ဆိုင်ကယ်သမား အခင်းဖြစ်နေရာ၌ သေဆုံး
ဝမ်းတွင်း မတ် ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၁၈ခုနှစ် မတ် ၂၆ရက် ည ၈:၃၀အချိန်ခန့်တွင် ဝမ်းတွင်းမြို့နယ်၌ ရပ်ထားသည့် (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိသည့် ဆိုင်ကယ် ယာဉ်အောက်ဝင်သွားပြီး ဆိုင်ကယ်သမား အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း(၂)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၅၈/၇)နှင့်(၃၅၉/၀)အကြား နွားမကြီးစားသောက်ဆိုင်အနီးတွင် ယာဉ်မောင်း စိုးမင်းထိုက်(၂၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 1I/----- နစ်ဆန်း(ဒီဇယ်)အမျိုးအစား (၁၂)ဘီးယာဉ် ဝါ/ဖြူကြားရောင် ယာဉ်မှာ မြောက်မှတောင်သို့ ဦးခေါင်းတည်ကာ ကားလမ်း၏ယာဘက်ခြမ်း၌ အချက်ပြဇုန်မီးဖွင့်၍ရပ်တန့်ထားပြီး နွားမကြီးလက္ဘက်ရည်ဆိုင်သို့ လက္ဘက်ရည် သွားရောက်သောက်နေစဉ် လားရာတူအတိုင်း ဝမ်းတွင်းမြို့ ဝမ်းတွင်း(၂)သိမ်တော်လေးရပ်နေ ယာဉ်မောင်းလှထွေး(၃၇)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အမှတ် ၆ယ/---- wave 110 အမျိုးအစား အပြာရောင်ဆိုင်ကယ်မှ (၁၂)ဘီးယာဉ်၏ နောက်ပိုင်းဝဲဘက်အခြမ်းအား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မှာ(၁၂)ဘီးယာဉ်နောက်ပိုင်းအောက်သို့ဝင်ရောက်သွားကာ ဆိုင်ကယ်မောင်းသူ လှထွေးမှာ နဖူးရောင် ဝဲဘက်ဂျိုစောင်းပေါက်ပြဲ ယာနားသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။

ဆိုင်ကယ်အား အသက်သေဆုံးသည်အထိ မဆင်မခြင်မောင်းနှင်သူ လှထွေး အားဝမ်းတွင်းမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း စုံစမ်းသိရှိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရပ်ထားသည့် (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိသည့် ဆိုင်ကယ် ယာဉ်အောက်ဝင်သွားပြီး ဆိုင်ကယ်သမား အခင်းဖြစ်နေရာ၌ သေဆုံး ရပ်ထားသည့် (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိသည့် ဆိုင်ကယ် ယာဉ်အောက်ဝင်သွားပြီး ဆိုင်ကယ်သမား အခင်းဖြစ်နေရာ၌ သေဆုံး Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.