ဖားကန့် မတ် ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် တွင် မတ်၂၆ရက် မွန်းလွဲ၁နာရီက ကျပ်သိန်း ၂၄၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၃၈၀၀နှင့် ဘိန်းဖြူ ၁၁၀ ဂရမ် သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၁)မှ ရဲအုပ်အောင်ဇော်ခင် ဦးစီးတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု ဘွမ်နန်ကျေးရွာ အနီး ဆိုင်းအောင်-ဘွမ်နန်သွားကားလမ်းတွင် စောင့်ဆိုင်းနေစဉ် အိုက်ပလောင်(ခ)ဇော်ကလန်း(၃၆)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိပ်ကပ်အတွင်းမှ အပြာရောင် ကပ်ခွာအိတ်နှင့်ထည့်ထားသည့် 88/1စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ပြားအား ရှာဖွေတွေ့ရှိခဲ့၍ ယင်းပစ္စည်းများမှာ လီအားချန်(ခ) ရဝေအောင်(၁၉)နှစ်ထံမှ တဆင့်ဝယ်ယူရောင်းချသည့် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ကွင်းဆက်သတင်းအား ဆက်လက်စုံစမ်းဖော်ထုတ်ရာ ယင်းနေ့ညနေ၅နာရီတွင် လီအားချန်(ခ)ရဝေအောင်အား ဆိပ်မူကျေးရွာတံတားထိပ်တွင် ဖမ်းဆီးရမိ၍ ၎င်းနေထိုင်သည့် မှော်ရှန်ရပ်ကွက်နေအိမ်အား ရှာဖွေစစ်ဆေးရာ 88/1စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၃၂၀၀၀ ပြား၊ရောင်စုံဆပ်ပြာခွက် ၁၀ ခွက်နှင့်ထည့်ထားသည့် ဘိန်းဖြူမှုန့် ၁၁၀ ဂရမ်အားထပ်မံသိမ်းဆည်းရမိခဲ့ရာ ယင်းနေ့သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးတန်ဖိုးငွေ ခန့်မှန်းကျပ်သိန်း ၂၄၀၀ ခန့်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အိုက်ပလောင်(ခ)ဇော်ကလန်းနှင့် လီအားချန်(ခ)ရဝေအောင်အား ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖားကန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းကျော်နှင့် ဘိန်းဖြူမှုန့် ၁၁၀ ဂရမ် သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
04:05
Rating:
