ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ညအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်နဲ့ လုယက်မှုတွေ ဖြစ်ပွားနေပါတယ်။ အခုလထဲအတွင်း ပုသိမ်မြို့ လမ်းမတွေမှာ အမျိုးသမီးတွေဆီကနေ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ လက်ဝတ်ရတနာတွေကို အုပ်စုဖွဲ့ ဆိုင်ကယ်နဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာလို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။ လုယက်မှုတွေထဲမှာ အခုလ(၂)ရက်က ပုသိမ်မြို့ ဘန့်ဘွေကုန်းလမ်းမှာ အသက်(၁၇)နှစ်အရွယ် လူငယ်သုံးဦးက အမျိုးသမီးနှစ်ဦးဆီက ဖုန်းနဲ့ ပိုက်ဆံအိတ်တွေလုယက်ခဲ့တာကြောင့် ဖမ်းဆီးအရေးယူခဲ့ရပါတယ်။
(၁၁)ရက် ညပိုင်းကလည်း ပုသိမ်မြို့ ရေပေါ်ဈေးကနေ ဆိုင်ကယ်နဲ့ဈေးဝယ်ပြီး ပြန်လာတဲ့ အမျိုးသမီးနှစ်ဦးဆီက ကိုင်ထားတဲ့ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်နဲ့ လူငယ်သုံးဦးက ဆွဲယူမောင်းနှင် ထွက်ပြေးခဲ့ပြီးနောက် ကျူးလွန်သူတွေကို ထပ်မံဖမ်းဆီး စစ်ဆေးနေတယ်လို့ ပုသိမ်ရဲစခန်းကသိရပါတယ်။ ဒါ့အပြင် (၁၂)ရက်ညပိုင်းက လည်း ပုသိမ်တက္ကသိုလ်လမ်းထိပ်က ဗန္ဓုလပန်းခြံနားမှာ အမျိုးသမီးနှစ်ဦးကို ဓားနဲ့ထောက်ပြီး ဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့တာကြောင့် ကျူးလွန်သူလူငယ်နှစ်ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။
လုယက်မှုတွေ ကျူးလွန်ပြီး ဖမ်းဆီးခံရတဲ့သူတွေဟာ အသက်(၁၅)နှစ်ကနေ (၂၅)နှစ်အတွင်း လူငယ်တွေဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။ တစ်ချို့က အသက်မပြည့်လို့ ခံဝန်နဲ့ အုပ်ထိန်းသူတွေဆီ ပြန်အပ်ခဲ့ရပေမယ့် ထပ်ပြီးလုယက်မှုတွေ ကျူးလွန်တာရှိတယ်လို့ ဆိုပါတယ်။ လုယက်ခံရသူတစ်ချို့ဟာ ပိုက်ဆံအိတ်ထဲမှာ လေးငါးထောင်တစ်သောင်းလောက်သာ ပါသွားရင် ရဲစခန်းကို မတိုင်တဲ့သူတွေလည်း ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး
ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။
သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
https://www.facebook.com/5plusnews
ပုသိမ်မြို့မှာ အုပ်စုဖွဲ့လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ
Reviewed by THITHTOOLWIN
on
21:07
Rating: