မိုးညို မတ် ၂၈
ပဲခူးတိုင်းဒေသကြီးသာယာဝတီ ခရိုင် မိုးညိုမြို့နယ် ထိန်တော ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီက လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ထိန်တောနယ်မြေရဲ စခန်းမှစခန်းမှူးရဲအုပ် မောင်မောင် ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သက်သေများနှင့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသ ကြီး ပခုက္ကူမြို့နယ် ဒေါင်းဇား ကျေးရွာနေ ဦးဇော်မိုး(၄ဝနှစ်) နှင့် တစ်ရွာတည်းနေ မောင်ဆန်း (ခ)ဆန်းထွန်းအပါအဝင် ရှစ်ဦးတို့ သည် မိုးညိမြို့နယ် ထိန်တောကျေး ရွာရှိ သာယာဝတီရွာမကျောင်း တိုက်ဓမ္မာရုံတွင် လွန်ခဲ့သော နှစ် လခန့်က တည်းခို၍ အနီးပတ်ဝန်း ကျင် ကျေးရွာများသို့ အညာစောင် နှင့် အခြားပစ္စည်းများ ရောင်းချ နေထိုင်ခဲ့သည်။ ယင်းဓမ္မာရုံတွင် ၄င်းတို့အဖွဲ့အပြင် စိုးမိုးကျော် (ရေစကြိုမြို့နယ်ဘက်မှ) ခြောက် ဦးပါအဖွဲ့မှလည်း ၄င်းတို့ ထက်စော ၍အညာစောင်နှင့်အခြားပစ္စည်းများ တည်းခိုရောင်းချနေထိုင်ခဲ့သည်။
ဦးဇော်မိုးသည် ယင်းနေ့နံနက် ၁ဝ နာရီခန့်က ဈေးရောင်းရန် ထွက်ခွာသွားပြီး ညနေ ၅ နာရီ တွင် တည်းခိုရာဓမ္မာရုံသို့ ပြန်လည် ရောက်ရှိစဉ် တစ်ဖွဲ့တည်းဖြစ်သူ မောင်ဆန်း(ခ)ဆန်းထွန်းမှာ ယာ ဘက်ပါးမျက်လုံးစွန်း၊ ယာဘက် ညှပ်ရိုး၊ ယာဘက်ချိုင်းအောက်၊ ယာဘက်ပခုံး၊ ယာဘက်လက် မောင်းရင်း၊ ဝဲဘက်ချိုစောင်းတို့ တွင် ထိုးသွင်းဒဏ်ရာ၊ လည်ပင်း ရှေ့(ပြတ်ရှဒဏ်ရာ)ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိသဖြင့် မိမိအဖွဲ့တွင် ပါရှိပြီး ဈေးရောင်းရာမှ ပြန်လည် ရောက်ရှိနေသူ ဦးမိုးခိုင်(၄၂နှစ်) အုတ်တန်းရွာ ထန်းငယ်တောအုပ် စု ရေစကြိုမြို့နယ်နေသူအား မေး မြန်းရာ မောင်ဆန်း(ခ)ဆန်းထွန်း နှင့်စိုးမိုးကျော်တို့မှာ စကားများရန် ဖြစ်ကြပြီး စိုးမိုးကျော်က အနီးတွင် ရှိသောအရိုးအသွား ကိုးလက်မခွဲ ခန့် သစ်သားရိုးတပ် ဓားမြောင်ဖြင့် ထိုး၍ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
မောင်ဆန်း(ခ)ဆန်းထွန်း အား ဓားဖြင့်ထိုးသတ်သူ စိုးမိုး ကျော်(၃၂နှစ်) ကျောက်လှေခါးရွာ ရေစကြိုမြို့နယ် မကွေးတိုင်းဒေသ ကြီးနေသူအား အရေးယူပေးပါရန် ဦးဇော်မိုးက တရားလိုပြုလုပ် တိုင် တန်းသဖြင့် တရားခံ စိုးမိုးကျော် အားဖမ်းဆီးခဲ့ပြီး ထိန်တောနယ်မြေ ရဲစခန်းမှ(ပ)၁၁/၂ဝ၁၈၊ ရာဇသတ် ကြီး ပုဒ်မ ၃ဝ၂ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)
The Union Daily
https://www.facebook.com/uniondaily.net
ဈေးရောင်းသူအချင်းချင်းစကားများရာမှ ဓားဖြင့်ထိုးရာ သေဆုံး
Reviewed by THITHTOOLWIN
on
19:19
Rating: