ဂိုသွင်းပြီးနောက် ပရိသတ်နဲ့အတူ အောင်ပွဲခံနေသည့် မက်ဆီ |
ပထမအကျော့ ချယ်လ်ဆီးကွင်းမှာတုန်းက ၁ ဂိုးစီနဲ့ သရေကျထားတာကြောင့် ဒီ ဒုတိယအကျော့ပွဲအပြီးမှာ ဘာစီလိုးနားက နှစ်ပွဲ ပေါင်း ၄ ဂိုး ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။
အစောပိုင်းကစားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘီဆစ်တပ်တို့ပွဲမှာ ဘိုင်ယန်က ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တာကြောင့် နှစ်ပွဲပေါင်း ၈ ဂိုး ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။
အခုဆိုရင် ၁၆ သင်း ရှုံးထွက်ပွဲတွေအားလုံး ပြီးသွားပြီဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၆ ရက်နေ့မှာ မဲနှိုက်ရွေးချယ် မှာဖြစ်ပြီးတော့ ဧပြီလ ၃ ရက်နေ့မှာ ပထမအကျော့ပွဲတွေ စတင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ချန်ပီယံလိခ်မှာ Bercelona နဲ့ Bayern Munich တို့ကွားတားဖိုင်နယ်တက်
Reviewed by THITHTOOLWIN
on
11:11
Rating: