မြန်မာ အစိုးရ စစ်သားများ တင်ဆောင်ထားတဲ့ ကား တစ်စီး တိုက်ပွဲ နေရာ သို့ ထွက်သွားစဉ် |
အဓိက တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် မြစ်ကြီးနား-မန္တလေးလမ်း မြစ်ကြီးနားမြို့ အ၀င် Nam Koi ချောင်း တံတား စောင့် အစိုးရ တပ်ဖွဲ့ နှင့် KIA တပ်ရင်း (၁၁) ကြား နံနက် စောစော ၃ နာရီ ကျော်မှ ၈ နာရီ ကျော်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနား မြို့ခံများ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။
အနည်းဆုံး လက်နက်ကြီး ပစ်ခတ် သံ ၂၀ ကျော် ကြားရကြောင်း မြို့ခံ တစ်ဦး ပြောပါသည်။
မြန်မာ စစ်တပ်ဘက်တွင် ခလရ (၂၁)၊ ခလရ (၂၉)၊ ခလရ (၃၇) နှင့် အခြား တပ်ရင်း တို့ ပါဝင်ကြောင်း ပြောပါသည်။
“မိမိတို့ တပ်ဖွဲ့မှ ကားလမ်းမပေါ်ရှိ တပ်မတော် စစ်ဆေးရေး စခန်း (၂) ခုဖြစ်သည့် မြစ်ကြီးနား၊ Nam Koi (နန်းကွေ့) ချောင်း စခန်း နှင့် နမ္မတီး၊ Maran Kahtawng (မရန်ကထောင်) စခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခဲ့သည်” KIA သတင်းရပ်ကွက်က ဆိုသည်။
ဖေဖေါ်ဝါရီ (၁) ရက် နေ့ က တရုတ်အစိုးရ ၏ ကြားဝင် ပေးမှုဖြင့် မြန်မာစစ်တပ် နှင့် KIA ခေါင်းဆောင် များ သီးသန့် တရုတ်နယ်စပ်တွင် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှု မအောင်မြင်ကြောင်း ကချင်သတင်းဌာန KNG မှ မေးမြန်း သိရပါသည်။
တိုက်ပွဲ ဖြစ်ပွားသည့် နေရာများသို့ မြစ်ကြီးနားမြို့မှ အစိုးရ စစ်အင်အား ဖြည့်တင်းနေပြီး ဖြတ်သွားဖြတ်လာ ခရီးသွားပြည်သူများကိုလည်း အစိုးရတပ် က မေးမြန်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ ဆိုပါသည်။
http://burmese.kachinnews.com/
မြစ်ကြီးနားမြို့အနီး မြန်မာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်
Reviewed by THITHTOOLWIN
on
13:08
Rating: