KIA တိုက်မိုင်း တိုက်မိပေါက်ကွဲ ဒေသခံပြည်သူသုံးဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်း တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူသုံးဦး မိုင်းစထိမှန် ဒဏ်ရာများရရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ် ပြန်ထားပါသည်။

 တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာအနီး မိုင်ခွန်ပယင်းမှော်တွင် ပယင်းတူးဖော်ခြင်း လုပ်ကိုင်လျက်ရှိသည့် မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်နေ ဦးသိန်းရွှေလီ(ဘ) ဦးအာဆာသည် ဖေဖော်ဝါရီ ၉ ရက် နံနက် ၈ နာရီခန့်တွင် မိုင်ခွန်ပယင်းမှော်၌ ပယင်းတူးဖော်ရန်ထွက်ခွာလာစဉ် ၎င်းမှော်၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး အားတိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခန့်တွင် တနိုင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဦးအာဂယ်ဆဲ(ဘ) ဦးဂေဟူဟွာ နှင့် ဦးအားနာဆဲ(ဘ)ဦးဝေဟူဟွာတို့သည် မိုင်ခွန်ပယင်းမှော်၌ ပယင်းတူးဖော်ရန်ထွက်ခွာလာစဉ် ၎င်းမှော်၏အနောက်တောင်ဘက် ၂ မိုင်ခွဲခန့်အကွာသို့အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့်တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
KIA တိုက်မိုင်း တိုက်မိပေါက်ကွဲ ဒေသခံပြည်သူသုံးဦး ဒဏ်ရာရ KIA တိုက်မိုင်း တိုက်မိပေါက်ကွဲ ဒေသခံပြည်သူသုံးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.