တောင်ကုတ်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှု၊ ၁ ဦးသေဆုံး၊ ၂၆ ဦး ဒဏ်ရာရ


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၀ရက်နေ့၊ ၁၈၃၀ အချိန်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ်ရှိ  ပန်းတောင်း-တောင်ကုတ် ကားလမ်း မိုင်တိုင်(၅၆/၁)၌ ဟွန်ဒိုင်းမီနီဘတ်ယာဉ်သည် ကုန်းတက်တွင် ဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ကျကာ လမ်းယာဘက် (၅)ပေအနက်ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး လူ (၁)ဦးသေဆုံးကာ (၂၆)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

အဆိုပါယာဉ်အား စိုးတင့်၊ (၄၆)နှစ် မောင်းနှင်ပြီး ဒေါ်သိန်း၊ (၆၆)နှစ်၊ မာန်အောင်မြို့နယ်နေသူပါ ၃၁ ဦး(ကျား ၁၂၊ မ ၁၉)လိုက်ပါလာသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်သိန်းတွင် ဦးခေါင်းပိပြား ဒဏ်ရာဖြင့်သေဆုံး၊ ဒေါ်ရွှေရွှေ၊ (၆၀)နှစ် နေသူပါ ၄ ဦး(ကျား ၁၊ မ ၃)တို့တွင် ဦးခေါင်း၊ ဝဲနားထင်၊ ယာမျက်လုံး၊ ဝဲ/ယာလက်ဖျံပွန်းပဲ့ပေါက်ပြဲဒဏ်ရာနှင့် စိုးရိမ်ရကြောင်း သိရသည်။

 ဦးထွန်းသိန်းရွှေ၊ (၅၀)နှစ်ပါ ၂၂ ဦး(ကျား ၉၊ မ ၁၃)တွင် ဦးခေါင်းနောက်စေ့၊ ဝဲနားထင်၊ မျက်လုံး၊ လည်ပင်း၊ လက်မောင်း၊ လက်ဖျံ၊ ဒူး၊ ယာလက်ကောက်ဝတ်ပေါက်ပြဲဖူးရောင် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် တောင်ကုတ်ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ပြီး၂၁၄၅ အချိန်တွင် စိုးတင့်(ဖမ်းမိ)အား တောင်ကုတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

သစ်ထူးလွင်
တောင်ကုတ်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှု၊ ၁ ဦးသေဆုံး၊ ၂၆ ဦး ဒဏ်ရာရ တောင်ကုတ်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှု၊ ၁ ဦးသေဆုံး၊ ၂၆ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.