တရုတ်နိုင်ငံ၏ ဒုံးခွင်းဒုံး ပစ်လွှတ်မှု သရုပ်ပြပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) |
တရုတ်နိုင်ငံက တာလတ်ပစ် မြေပြင်အခြေစိုက် ဒုံးခွင်းဒုံးတစ်ခုကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ဖော်ကြေညာလိုက်သည်။
အဆိုပါ ဒုံးခွင်းဒုံးနည်းပညာ စမ်းသပ်မှုကို တရုတ်နိုင်ငံ ပိုင်နက်အတွင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း နှင့် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။စမ်းသပ်မှုမှာ ခုခံကာကွယ်ရေး အတွက်သာဖြစ်ကြောင်း နှင့် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
(Xinhua)
http://xinhuamyanmar.com
တရုတ်နိုင်ငံက မြေပြင်အခြေစိုက် ဒုံးခွင်းဒုံး ပစ်လွှတ်မှုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့
Reviewed by THITHTOOLWIN
on
11:18
Rating: