ဖေဖော်ဝါရီ ၄ရက်၊ မားနဂါး၊ ကျောက်မဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ရောက်ရှိနေသည့် ကြက်သေရွာ စစ်ဘေးရှောင် အယောက်၃ဝဝကျော်တို့သည် နယ်မြေမတည်ငြိမ်သေးသည့်အတွက် နေရပ်မပြန်နိုင်သေးဘဲ အောင်မင်္ဂလာ ဓမ္မာရုံနှင့် အောင်မြေသာယာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံလျက်ရှိနေကြောင်း သိရသည်။
ကြက်သေရွာ ဥက္ကဌ ဦးနေထားက "လာမယ့် ၆ရက်နေ့မှာ ပြန်ဖို့လုပ်ထားတယ်။ ကလေးတွေအပါ အဝင်ပေါ့။ ပစ်ခတ်တာတော့ ကြိုကြား ကြိုကြားပစ်တာတွေ ကြားနေရသေးတယ်။ ဒါမဲ့ အခုပြန်ကြားနေရတဲ့ အခြေအနေက မကောင်းနိုင်သေးဘူးလို့ကြားတယ်။ လက်နက်ကိုင်တွေက နီးနေကြတယ်။ ၆ရက်နေ့ ပြန်ဖြစ် မပြန်ဖြစ်တော့ အခြေအနေစောင့်ကြည့်ရမယ်"ဟု ပြောသည်။
စစ်ဘေးရှောင်ထဲတွင် ကျောင်းတက်နေသည့် ကျောင်းသားပေါင်း ၉၂ဦး ရှိပြီး ထိုထဲမှ ၃၈ယောက် စာမေးပွဲဖြေဆိုရသူများဖြစ်သည့်အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။
ကြက်သေကျောင်းဆရာ တစ်ဦးဖြစ်သူ နိုင်ဝင်ထူးက "အခု ၃တန်း ၄တန်းကလေးတွေကို လာမယ့် ၇ရက်နေ့မှာ လုပ်မလို့။ ၄တန်းက အစိုးရစစ်တိုတော့ ၁၉ရက်နေ့မှာ ဖြေမယ်။ ဒါမဲ့ ရွာသားတွေက ၆ရက်နေ့ရွာပြန်ရင် ကလေးတွေကိုပါ ခေါ်သွားမယ်လုပ်နေတယ်။ ရွာရောက်ရင် ပြန်လည်ထူထောင်ရေးလုပ်တာနဲ့ ကလေးတွေ စာလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ နေမယ့်လူတွေကလည်း နေမယ်ဆိုတော့ စာမေးပွဲကို ဘယ်လိုလုပ်ပေးရမလဲ မသိတော့ဘူး။ ခက်နေတယ်။ ဥက္ကဌတို့နဲ့နော့ ညှိနေတယ်"ဟု ပြောသည်။
ကြက်ေးရွာအနီးတွင် အစိုးရတပ်မတော်၊ TNLA ၊ RCSS တို့ ၃ဖွဲ့ ထိပ်တိုက်လှုပ်ရှိလျက်ရှိနေပြီး ပြီးခ်ဲသည် ၁၆ရက်နေ့တွင်းလည်း အိမ်၃လုံး စုစုပေါင်း ငွေကျပ်တန်ဖိုး ၃၀၀ကျော် မီးရှို့ဖျက်စီးခံထားရပြီး အိမ်တွင်းတိုင်းကိုလည်း မွှေနှောက်ခံထားရကြောင်း သိရသည်။
မိုင်းအနိုင်
Photo - The Marnagar
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ကြက်သေရွာ စစ်ဘေးရှောင် ၃ဝဝကျော် နေရပ်မပြန်နိုင်သေး
Reviewed by THITHTOOLWIN
on
05:36
Rating: