ခေါင်းစီးပုဝါ မဝတ်လိုသူ အီရန် အမျိုးသမီး ၂၉ ဦး အဖမ်းခံရ


အီရန်နိုင်ငံ တဟီရန်မြို့တော်မှာ ၁၉၇၉ ခု အစ္စလာမ္မစ် တော်လှန်ရေးအပြီး ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီးတွေ လမ်းပေါ်ထွက်ရင် ခေါင်းစီးပုဝါ မဝတ်မနေရဆိုတဲ့ စည်းမျဉ်းကို ဆန့်ကျင်တဲ့အတွက် အမျိုးသမီး ၂၉ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ခေါင်းစီးပုဝါ မဝတ်မနေရဆိုတာ ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးပြီး ဒေါ်လာ တစ်သိန်း ဒဏ်ရိုက်ခဲ့ပါတယ်။

တရားသူကြီးက ဒီလို ခေါင်းစီးပုဝါ မဝတ်ချင်ဘူးလို့ ဆန္ဒပြတာဟာ ကလေးကလားနိုင်ပြီး နိုင်ငံခြားသားတွေ မြှောက်ပင့်ပေးလို့ လုပ်ကြတာလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ခေါင်းစီးပုဝါ မဝတ်လိုသူ အီရန် အမျိုးသမီး ၂၉ ဦး အဖမ်းခံရ  ခေါင်းစီးပုဝါ မဝတ်လိုသူ အီရန် အမျိုးသမီး ၂၉ ဦး အဖမ်းခံရ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.