တိုက်ပွဲ ပြင်းထန်နေချိန် ပူတာအို မှာ ဓါတ်ဆီ ဈေး ၇ ဆ တက်၊ ရောင်းသူ မရှိ

ဓါတ်ဆီဆိုင် တခု၊ ပူတာအိုမြို့
ကချင်ပြည်နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေချိန် လေကြောင်းဖြင့် အဓိက ဆက်သွယ်သည့် ပူတာအိုခရိုင်တွင် ဓါတ်ဆီဈေး ၇ ဆ ထိ တက်နေပြီး ရောင်းသူ မရှိတော့ကြောင်း ဒေသခံများ ဆိုပါသည်။

ပုံမှန် ဓါတ်ဆီ ၁ ပုလင်း ကျပ် ၁၀၀၀ ရှိနေရာမှ ယခု ကျပ် ၇၀၀၀ ထိ တက်နေသည်ဟု ပူတာအို မြို့ခံများ ပြောပါသည်။

ယနေ့ ညနေပိုင်း နောက်ဆုံး သိရချက် အရ ပူတာအိုမြို့တွင် ဓါတ်ဆီ မရောင်းတော့ကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအို ကားလမ်းကြောင်းပေါ် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁) ကို မြန်မာ အစိုးရတပ် က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် Sumprabum (ဆွမ်ပရာဘမ်) နှင့် Putau (ပူတာအို) ကြား တံတား ၂ စင်း ကို ဇန်န၀ါရီ ၂၇ ရက်နေ့ KIA က ဖြတ်ဆီးခဲ့သည်။

Sumprabum-Putau ကြား လမ်း ဆောက်လုပ်ရေး ကုမ္ပဏီ ကိုလည်း လုပ်ငန်း ရပ်ဆိုင်းရန် KIA က တားမြစ်ခဲ့သည်။

တံတားများ ဖျက်ဆီးခံရ ပြီးနောက် မြစ်ကြီးနားမှ ပူတာအို ကို ကုန်တင်ပို့မှု ရပ်သွားခြင်း ဖြစ်သည်။

Written by Kachinnews
http://burmese.kachinnews.com/
တိုက်ပွဲ ပြင်းထန်နေချိန် ပူတာအို မှာ ဓါတ်ဆီ ဈေး ၇ ဆ တက်၊ ရောင်းသူ မရှိ တိုက်ပွဲ ပြင်းထန်နေချိန် ပူတာအို မှာ ဓါတ်ဆီ ဈေး ၇ ဆ တက်၊ ရောင်းသူ မရှိ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.