ဒေါ်စု အိမ်ကို မီးလောင် ပုလင်းနှင့် ပစ်ခတ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း ၊
ခြံအမှတ် ၅၄/၅၆ နေအိမ်ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်း
ပစ်ပေါက်ခဲ့သည့် ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
၂၁ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ဗဟန်းမြို့နယ်၊
ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄/၅၆
ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ခြံဝင်းအတွင်းသို့ တက္ကသိုလ်
ရိပ်သာလမ်းပေါ်မှ အမည်မသိအမျိုးသားတစ်ဦးက မီးလောင်စေသည့်
ပုလင်းပစ်သွင်းခဲ့ရာ ခြံစောင့် တဲအနီးရှိ ရေပိုက် တစ်ချောင်းမှာ မီးလောင်
ကျွမ်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်
ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက်
ပြည်သူများအနေဖြင့်လည်း ကူညီသတင်းပေးနိုင်ရန် လူမှုကွန်ရက်
စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး
ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာ တွင် အခင်းဖြစ်ပွား
သည့်နေရာအနီးရှိ တာဝန်သိပြည်သူတစ်ဦးက ပြစ်မှုကျူးလွန်သူ၏
မှတ်တမ်းဓာတ်ပုံပေးပို့ ရရှိခဲ့သဖြင့် အဆိုပါ ပြစ်မှုကျူးလွန်သူ၏ ဓာတ်ပုံ
မှတ်တမ်းကို အခြေပြုစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ မြောက်ဥက္ကလာပ
မြို့နယ်၊ သုနန္ဒာမှတ်တိုင်မှ ခရီးသည်တင်မော်တော်ယာဉ်တစ်စီးပေါ်တွင်
လိုက်ပါ စီးနင်းလာသူ တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြောက် ဥက္ကလာပမြို့နယ်၊ (ဋ)
ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓာတ်ပုံပြသစုံစမ်းရာမှ အဆိုပါဓာတ်ပုံပါ
အမျိုးသားမှာ ၄င်းတို့ရပ်ကွက်အတွင်း ဖြတ်သန်းသွားလာသည်ကိုမြင်
ဖူးကြောင်း၊ ၄င်းနေထိုင်သည့် နေရာမှာ မြောက်ဥက္က လာပမြို့နယ်၊
(ဋ)ရပ်ကွက်နှင့် ဆက်စပ်နေသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)
ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ရဲတပ်ဖွဲ့ဝင်များမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်အုပ်ချုပ်
ရေးမှူးထံ ဓာတ်ပုံပြ အတည်ပြုခဲ့ရာ ဓာတ်ပုံပါပြစ်မှုကျူးလွန်သူမှာ (၅၁)
ရပ်ကွက်၊ အောင်သစ္စာလမ်း၊ သပြေခြံ(ကျူးကျော်)တွင်နေသူ ဝင်းနိုင်
ဆိုသူဖြစ်ကြောင်းသိရသဖြင့် ၎င်းနေထိုင်သည့် နေအိမ်သို့ သွားရောက်ရှာ
ဖွေရာ ဝင်းနိုင်မှာ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရာလမ်းရှိ မြကျွန်းသာ
ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ Global Hawk လုံခြုံရေး ကုမ္ပဏီ၏
လုံခြုံရေးဝန်ထမ်း(နေ့စား)(၃)လအစမ်းခန့်အဖြစ် လုပ်ကိုင်နေကြောင်းကို
၎င်း၏ ဇနီးဖြစ်သူမှ ပြောပြသိရှိရသဖြင့် မြကျွန်းသာအပန်းဖြေဥယျာဉ်
အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက် စုံစမ်းရှာဖွေခဲ့ရာ
ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက် ၀၃း၀၀နာရီအချိန်တွင် ဝင်းနိုင် (၄၈)နှစ်၊
(ဘ) ဦးတင်မြင့်၊ ဟိန္ဓူ/ ဗုဒ္ဓအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ အခင်းဖြစ်
စဉ်က ဝတ်ဆင်ခဲ့သည့် တီရှပ်ပန်းရောင် အင်္ကျီ(၁)ထည်၊ ပလေကပ်ပုဆိုး
အပြာကွက်(၁)ထည်၊ အပြာနုရောင်ဂျင်း အင်္ကျီ(၁)ထည်နှင့် ကျောပိုး
အိတ်(၁)လုံး၊ မီးခြစ်(၁)လုံး၊ 2002 Management Dairy စာအုပ်(၁)အုပ်၊
လက်ပတ်နာရီ(၁)လုံး၊ စတီးထမင်းချိုင့်(၁)လုံးတို့ကို တွေ့ရှိ သိမ်းဆည်း
ရရှိခဲ့ပါသည်။
ဝင်းနိုင်အား စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်က အရက်ပုလင်းထဲတွင် ဓာတ်ဆီ
လက်လေးလုံးခန့်ထည့်ပြီး ပုလင်းအဖုံး ကိုဖောက်၍ အ၀တ်စကို မီးစာ
အဖြစ်တပ်ကာ ကျောပိုးအိတ်အတွင်းထည့်၍ နေအိမ်မှ ယူဆောင်လာ
ခဲ့ကြောင်း၊ အခင်းဖြစ် နေအိမ်ခြံစည်းရိုးရှေ့တွင် မီးစာကိုမီးရှိုကာ ခြံအတွင်း
သို့ ပစ်ထည့်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
ထိုသို့ ပြစ်မှုကျူးလွန်ခဲ့သည့် အကြောင်းအရင်းကို စစ်ဆေးမေးမြန်းရာ
အခင်းဖြစ်နေအိမ်ရှိသူများမှ ၎င်းအား မှော်ပညာဖြင့် ပြုစားခံထားရခြင်း
ကြောင့် အနံ့ဆိုးများလည်း အမြဲရနေပြီး အိပ်၍မရဘဲ စိတ်တွင်မခံ
မရပ်နိုင် ခံစားနေရသဖြင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း
ထွက်ဆိုခဲ့ပါသည်။
၎င်း၏ ထွက်ဆိုချက်မှာ သာမန်လူတစ်ယောက်ထွက်ဆိုမှုမျိုးမဟုတ်သဖြင့်
၎င်း၏ စိတ်အခြေအနေကို သိရှိနိုင်ရန် အတွက် ဝင်းနိုင်၏ မိသားစုနှင့်
တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းမှာ စိတ်ကျန်းမာရေးမကောင်းသဖြင့် ၃၁.၇.၂၀၁၃
ရက်နေ့တွင်တစ်ကြိမ်၊ ၂၁.၄.၂၀၁၆ ရက်နေ့တွင် တစ်ကြိမ်၊ ၂၉.၁၂.၂၀၁၆
ရက်နေ့တွင် တစ်ကြိမ် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု
ခံယူခဲ့ရကြောင်းသိရပြီး ဆေးကုသထားသည့် ဆေးမှတ်တမ်းများကို
သိမ်းဆည်းရရှိခဲ့သည့်အပြင် အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အမျိုးအစား
တံဆိပ်တူ မန္တလေးနာနတ်ဝိုင် အရက်ပုလင်းအခွံ(၁)လုံးကိုလည်း
သိမ်းဆည်းရရှိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ ဝင်းနိုင်မှာ စိတ်ကျန်းမာရေး ကောင်းမွန်သူတစ်ဦးမဟုတ်
ကြောင်း ဆေးမှတ်တမ်းအရ သိရှိရ သည့်အပြင် ၎င်းထံမှသိမ်းဆည်းရရှိ
သော၂၀၀၂ ခုနှစ်၊ Management Dairy မှတ်တမ်းစာအုပ်တွင် မူမမှန်
သောစာသားများရေးသားထားသည်ကိုတွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ
၎င်းမှာ စာမတတ်ခြင်းကြောင့် စိတ်ခံစားချက်ကို သမီးဖြစ်သူ မအေးပပသဲ
(၁၄)နှစ်၊ (၇)တန်းကျောင်းသူအား ရေးသားခိုင်းကြောင်း ပြောပြသိရှိရသဖြင့်
မအေးပပသဲရေးသားထားသော လက်ရေး မှန် မမှန် လက်ရေးနမူနာယူ၍
တိုက်ဆိုင် စစ်ဆေးခဲ့ရာ မှန်ကန်ကြောင်းတွေ့ရှိရသည့်အပြင် Global
Hawk လုံခြုံရေးကုမ္ပဏီမှလည်း ၀င်းနိုင်အား နေ့စားဝန်ထမ်းအဖြစ်
အစမ်းခန့်ကာလ နှစ်လခွဲ ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ အလုပ်တက်ရက်များမမှန်
သဖြင့် အလုပ်မှဖြုတ်ရန် ကုမ္ပဏီမှ စီစဉ်ထားကြောင်းသိရှိရပြီး ဝင်းနိုင်မှာ
စစ်ဆေးဆဲလက်ရှိအခြေအနေတွင်လည်း စိတ်ပုံမှန်မဟုတ်ကြောင်း
မျက်မြင်အနေအထားတွေ့ရှိရသဖြင့် စိတ်ကျန်းမာရေးစစ်ဆေးနိုင်ရန်
စိတ်ကျန်းမာရေး ဆေးရုံသို့ပို့ဆောင်၍ ဆေးစစ်ခံယူထားရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အဆိုပါနေအိမ်ခြံဝင်းအတွင်း
ဖြစ်ပွားသော ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီး
ရမိရေး ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ စဉ်ဆက်မပြတ် ကြိုးပမ်း
ဆောင်ရွက်မှုများအပေါ် တာဝန်သိပြည်သူတစ်ဦး သတင်းပေးမှု၊ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြစ်မှု
ကျူးလွန်သူအား ၂၁ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ ယခုဖြစ်စဉ်နှင့်
စပ်လျဉ်း၍ ၎င်း၏စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်
ကြောင်း စစ်ဆေး တွေ့ရှိရသော်လည်း ဥပဒေနှင့်အညီ ဆက်လက်အရေး
ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ အချိန်တိုအတွင်း ပြစ်မှု
ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား
အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ဒေါ်စု အိမ်ကို မီးလောင် ပုလင်းနှင့် ပစ်ခတ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
Reviewed by THITHTOOLWIN
on
20:23
Rating:
![ဒေါ်စု အိမ်ကို မီးလောင် ပုလင်းနှင့် ပစ်ခတ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIeTc5kEH07iBqYRUUDUTQc9whswAfTmv7P7vdvg5slLLYTrZ4Ok3k4kXXoLQLVfD8L0X38k44eMYCWljOAB9DtJgyThOZYLSvIlMnbLooprGwRzskPm9Ip0CtJojGijRzEn6u9SujTZpi/s72-c/1.jpg)