ကျုံမငေးနယ်မြေရဲစခန်းမှ ရဲအုပ်သေနတ်ဖြင့် မိမိကိုယ်ကိုသတ်သေမှုဖြစ်ပွား


ဝါးခယ်မ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီးမြောင်း မြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေး နယ်မြေရဲစခန်းလိုင်းခန်းအမှတ်(၁) တွင် နေထိုင်သော ရဲအုပ်လှိုင်ဝင်း သည် ဖေဖော်ဝါရီလ ၄ ရက်နေ့ ယမန်နေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က သေနတ်ဖြင့် မိမိ ကိုယ်ကိုမိမိ သတ်သေမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဇနီးဖြစ်သူ နေအိမ်ရှေ့ဆွမ်း လောင်းနေစဉ် နေအိမ်အပေါ်ထပ်မှ ဝုန်းဆိုသည့်အသံကြားရသဖြင့်အိမ် ပေါ်သို့ တက်ကြည့်ရာ ရဲအုပ်လှိုင် ဝင်းသည် နေအိမ်အိပ်ခန်းခုတင် ဘေးတွင်ပက်လက်လန်၍ဦးခေါင်း နောက်စေ့သွေးထွက် ဒဏ်ရာဖြင့် လဲကျနေသည်ကိုတွေ့ရကြောင်းသေ ဆုံးသူ၏ဇနီးဖြစ်သူဒေါ်ညိုမာသင်း ၏ ပြောပြချက်အရ သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက် ပြီး ကျုံမငေးတိုက်နယ်ဆေးရုံမှ ရင်ခွဲစစ်ဆေးချက်ပြုလုပ်ရာတွင်ပါး စပ်နှင့်လျှာတွင် ယမ်းနံ့တွေ့ရပြီး အာခေါင်အရင်းမှ နောက်စေ့သို့ ကျည်ဖောက်ထွက်ရာတွေ့ရကြောင်း၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး၊ ဝါး ခယ်မမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန် ရှိသူများကအခင်းဖြစ်ပွားရာ နေရာ သို့ ကြည့်ရှုစစ်ဆေးရာ အိပ်ခန်းခု တင် နောက်ဘက်တွင် ခြောက်လုံး ပြူး စပယ်ရှယ်တစ်လက်၊ အုတ် နံရံတွင် အပေါက်ဒဏ်ရာတစ်ခု၊ ကျည်ခွံတစ်ခုနှင့်လဲကျနေသည့် နေ ရာတွင် သွေးများတွေ့ရှိရကြောင်း၊ ခြောက်လုံးပြူးအတွင်း၌ ကျည် သုံးတောင့်အနက် တစ်တောင့်၏ နောက်ပိတ်တွင် ကျည်ရိုက်တံရိုက် ထားသည့်အရာ တွေ့ရှိရကြောင်း၊ ကျန်နှစ်တောင့်မှာ ပစ်ထားသည့် အနေအထားမရှိကြောင်း စစ်ဆေး တွေ့ရှိရသည်။

လွှမ်းသီဟ(ဝါးခယ်မ)
The Union Daily
https://www.facebook.com/uniondaily.net
ကျုံမငေးနယ်မြေရဲစခန်းမှ ရဲအုပ်သေနတ်ဖြင့် မိမိကိုယ်ကိုသတ်သေမှုဖြစ်ပွား ကျုံမငေးနယ်မြေရဲစခန်းမှ ရဲအုပ်သေနတ်ဖြင့် မိမိကိုယ်ကိုသတ်သေမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.