ရန်ကုန် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ဗောဓိကျေးရွာတွင် မကျေနပ်ချက်ဖြင့် နေအိမ်ပေါ်တက်ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ယမန်နေ့နံနက် ၁၁နာရီ မိနစ် ၂ဝ က လေးမျက်နှာ မြို့နယ် ဗောဓိကျေးရွာနေ ဒေါ်ခင်မာကြူ (၄၈နှစ်)၊ မအေးမူခိုင်(၂၂နှစ်) နှင့် မအေးမို့မို့ခိုင်(၁၈နှစ်)တို့သည် အိမ်၌ရှိနေစဉ် ခင်မောင်ဝင်း(ခ) ကရင်လေး(၃၇နှစ်) ရောက်ရှိလာပြီး ဓားဖြင့်ထိုးခုတ်ခဲ့ရာ ဒေါ်ခင်မာ ကြူပါသုံးဦးတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ(စိုးရိမ်ရ)ရရှိ၍ ဦးတင်စိုး (၅ဝနှစ်) (ဒေါ်ခင်မာကြူ၏ ခင်ပွန်း) နှင့် ယောက်ဖ နေလင်း(၃ဝနှစ်)တို့ နှစ်ဦးက ခင်မောင်ဝင်း(ခ)ကရင် လေး၏ဓားအားဆွဲလုရာ နေလင်းတွင် ဝဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့သည်။
ဓားခုတ်မှုနှင့်ပတ်သက်၍ ဦးတင်စိုးက တိုင်တန်းခဲ့သောကြောင့် ခင်မောင်ဝင်း(ခ)ကရင်လေးအား လေးမျက်နှာမြို့မရဲစခန်း (ပ)၁၉/ ၂ဝ၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ယင်းနေ့ညနေ ၄ နာရီတွင် ဒဏ်ရာရရှိသူ ဒေါ်ခင်မာကြူပါ သုံးဦးအား လေးမျက်နှာပြည်သူ့ဆေးရုံမှ တစ်ဆင့် ဟင်္သာတမြို့ ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ပြီး ညနေ ၆နာရီတွင် ဒေါ်ခင်မာကြူမှာ သေဆုံးသွား သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၂၆/၃၂၄ (လူသတ်မှု၊ ဘေးဖြစ်စေ တတ်သောလက်နက်ဖြင့်အပြင်းအထန်နာကျင်စေမှု၊ မိမိအလိုအလျောက် နာကျင်စေမှု)သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ဒါကို
The Union Daily
https://www.facebook.com/uniondaily.net
မကျေနပ်ချက်ဖြင့် နေအိမ်ပေါ်တက် ဓားဖြင့်ခုတ်မှုဖြစ်ပွား တစ်ဦးသေ သုံးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
22:51
Rating: