မုံရွာ၊ ဖေဖော်ဝါရီ ၂။
ချင်းတွင်းမြစ်တွင်အကောင်အထည်ဖော်ရန် ပြင်ဆင်ခဲ့သည့် ထမံသီရေအားလျှပ်စစ်စီမံကိန်း ရှေ့တန်းစခန်းအတွက် မြေသိမ်းခံရသူများအား လျော်ကြေးငွေပေးခြင်းကို မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
ရှေ့တန်းစခန်းကို မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းရှိ မြေအကျယ် ၁၁ ဧကကျော်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းမြေနေရာတွင် မြေပိုင်ရှင် ၁၂၉ ဦး ရှိပြီး စခန်းအတွက် အသုံးမချသော မြေများကို မြေပိုင်ရှင်များကို ပြန်ပေးအပ်ပြီး စခန်းတည်ဆောက်ထားသည့် မြေနေရာများအတွက် မြေတစ်ကွက်လျင် ၅၅သိန်းဖြင့် အစိုးရက လျော်ကြေးပေးခဲ့ခြင်း ဖြစ်သည်။
"၂၀၀၅ နောက်ပိုင်းကျ ရေအားလျပ်စစ်စီမံကိန်းမလုပ်ဖြစ်တော့ မြေလျော်ကြေးတောင်းနေတာပဲ။ ထွေအုပ် တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားတယ် မရဘူး။ အခုအစိုးရလက်ထက်မှ ပြန်ရတာ "ဟု မြေလျော်ကြေးလာထုတ်တစ်ဦးက ပြောသည်။
ပထမအကြိမ်ပေးအပ်မှုတွင် မြေပိုင်ရှင် ၁၈ ဦး၏ မြေကွက် ၃၃ ကွက်အတွက် သိန်းပေါင်း ၁၈၁၅ သိန်းကို လျော်ကြေငွေပေးချေရေးကော်မတီ ဥက္ကဌ စိုက်/မွေး/ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပေးခဲ့ခြင်းဖြစ်သည်။
ရှေ့တန်းစခန်းအနေနဲ့ တည်ရှိခဲ့တဲ့နေရာက အခု ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန စူးစမ်းလေ့လာရေးဌာနခွဲ လက်ထောက်ညွန်ကြားရေးမှူး (မြို့ပြ-၃)ရုးံအခြေစိုက် ဖွင့်ထားပါတယ်၊လျော်ကြေးပေးဖို့ မြေဂရမ်နဲ့ ပိုင်ရှင်အထောက်အထားတွေ စိစစ်ပြီးပေးနေတာပါ၊ ဟု လက်ထောက်ညွန်မှူးဦးဝင်းခိုင်ကျော်က ပြောသည်။
မြေပိုင်ရှင် ၁၂၉ ဦးတွင် ၃၃ဦးမှာမြေကွက်ပြန်ရမည်ဖြစ်ပြီး ကျန်သော ၉၆ ဦးတွင် ၆၉ ဦးသာ မြေလျော်ကြေးထုတ်ရန် အဆက်အသွယ်ရထားကြောင်း သိရသည်။
နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ထမံသီ ရေအားလျှပ်စစ်စီမံကိန်း ရှေ့တန်းစခန်းအတွက် မြေသိမ်းခံရ သူများ ၁၀ နှစ်ကျော်ကြာမှ မြေလျော်ကြေးရ
Reviewed by THITHTOOLWIN
on
23:16
Rating:
![ထမံသီ ရေအားလျှပ်စစ်စီမံကိန်း ရှေ့တန်းစခန်းအတွက် မြေသိမ်းခံရ သူများ ၁၀ နှစ်ကျော်ကြာမှ မြေလျော်ကြေးရ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixtwM5CkrlcyNgAFlzh46IyKajXr3JZhBP3nyg22qx2EgBX4f8OsxQAXdrObhzHY-pZU9x9hpj9h6uaEtJhAiVd2ZgMvu5aafGTklNhplpuJrdTRsd6sIGrwMI4IQ9ygOaHOlb4Uxbl3ex/s72-c/1.jpg)