ရန်ကုန် ဖေဖော်ဝါရီ ၎
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ရာဇသင်္ကြန်လမ်း၌ ယနေ့ ည ၁၂ နာရီ အချိန်က နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကျန်စစ်သားရပ်ကွက် ရာဇသင်္ကြန်လမ်းနေ အိမ်ရှင် ဒေါ်ခင်ဌေးနွယ်(ဘ)ဦးခင်ဝင်း ၏ ဓနိမိုး၊ ၀ါး ထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်ရှိ မီးဖို ထင်းစများ၏ မီးကြွင်းမီးကျန်မှ တစ်ဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၄င်းနှင့် ဘေးချင်းကပ်နေအိမ်များဖြစ်သော ဦးသိန်းထွန်း(ဘ)ဦးကျော်တင့်၊ ဦးကျော်သန်းဦး(ဘ) ဦးစိုးဝင်း၊ ဦးစိုးမြင့်(ဘ)ဦးစိန်မောင်၊ ဦးငြိမ်အောင်(ဘ) ဦးငြိမ်း၊ ဦးသိန်းဇော်(ဘ) ဦးနီတာ တို့နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်ရာသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မီးသတ်ယာဉ်(၂)စီး၊ အုပ်ချုပ်ရေးယာဉ်(၅)စီး၊ သန္ဓေ(၅၄)ဦး၊ အရန်(၅၀)ဦး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ အဆိုပါ ည ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း၊ နေအိမ်များမီးလောင် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်း (၂၉၀၆၀၀၀) သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ Level-1 အဆင့် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ခင်ဌေးနွယ်အား အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်၌ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:22
Rating: