ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ်၌ လူသတ်မှုဖြစ်ပွား


ကျောက်တံခါး ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ပဲခူးရိုးမတောင်ပေါ်၌ ဖေဖော်ဝါရီ ၉ရက်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေအိမ်မှ ဖေဖော်ဝါရီ ၆ရက်နေ့က မိုးဝင်း(ခ)မိုးသီး ၃၀နှစ်(ဘ)ဦးတင်မြင့် စာဖြူစုကျေးရွာဘွဲ့ချင်ကျေးရွာအုပ်စု ကျောက်တံခါးမြို့နယ်နေသူနှင့် ဇော်ဝင်း (ခ)ပျော့ကြီး ၃၀နှစ်(ဘ)ဦးသောင်းတင်အင်းပတ်လည်ကျေးရွာ ကျောက်တံခါးမြို့နယ်နေသူတို့သည် ပဲခူးရိုးမတောင်ပေါ်သို့ ထင်းခုတ်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသူ ဇော်ဝင်း(ခ)ပျော့ကြီးမှာ ပဲခူးရိုးမတောင်ပေါ် ၆
မိုင် ကယားဘူး လမ်းဝဲဘက် ၁၅ပေခန့်တောင်ပေါ်သို့ သွားသည့်လှည်း လမ်းဘေးတွင်ဘေးတစ်စောင်းအနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သတင်းအရ ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူများနှင့် အသိသက်သေများမှသွားရောက် ကြည့်ရှု စစ်ဆေးရာ ဇော်ဝင်း(ခ)ပျော့ကြီးမှာ ၎င်းဝတ်နေကြ ပုဆိုးဟောင်းအား ပိုင်း၍ဦးခေါင်းတွင်ပတ်တီးစီးထားပြီး ဦးခေါင်းယာဘက် နောက်စေ့ဂုတ်စပ်တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇော်ဝင်း(ခ)ပျော့ကြီး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖခင်ဖြစ်သူဦးသောင်းတင်မှ တရားလိုပြုလုပ် တိုင်တန်းကာ ဖဒိုနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ပြီး ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမြို့နယ်မှုးရဲမှုးဇော်မင်းမှ စီစဉ်ညွှန်ကြားကာ ရဲတပ်ဖွဲ့ဝင်များမှ ပြည်သူများနှင့်ပူးပေါင်း၍ လူသတ်တရားခံအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ်၌ လူသတ်မှုဖြစ်ပွား ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.