တရုတ်ပြည် အနောက်ပိုင်း စင်ကျန်းပြည်နယ်ထဲကို လွတ်မြောက်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေ ဝင်လာမှာကိုကာကွယ်ဖို့ အတွက်အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်အခြေစိုက် စခန်းထားရှိရေးကိစ္စကို တရုတ်အစိုးရက ဆွေးနွေးနေတယ်လို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။
တရုတ်စစ်စခန်းကို အာဖဂန်ရဲ့ ဝါခန်တောင်တန်းဒေသမှာ တည်ဆောက်ဖို့ဖြစ်ပြီး၊ အဲဒီနေရာမှာ နှစ်နိုင်ငံ ပူးပေါင်းကင်းလှည့်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရကို ပုန်ကန်နေတဲ့ ETIM ဆိုတဲ့ ပြည်ပရောက် ဝှီးဂါးလူမျိုးတွေရဲ့အဖွဲ့က အာဖဂန်ရဲ့ ဝါခန်တောင်တန်းဒေသတွေကနေ သူတို့ရဲ့ စင်ကျန်းပြည်နယ်ကို ဖြတ်ဝင်နေတဲ့အတွက် စိုးရိမ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားက IS စစ်သွေးကြွအဖွဲ့တွေ အလယ်ပိုင်း အာရှကနေ စင်ကျန်းပြည်နယ်ကို ရောက်လာမှာလည်း ပူပန်နေပါတယ်။ အခုလို စစ်စခန်းဆောက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ဒီဇင်ဘာလက ဆွေးနွေးခဲ့ပေမယ့် အသေးစိတ်ဆွေးနွေးဖို့ ကျန်သေးတယ်လို့ အာဖဂန်ကာကွယ်ရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်အခြေစိုက် စခန်းထားရှိဖို့ တရုတ်အစိုးရ ဟန်ပြင်
Reviewed by THITHTOOLWIN
on
22:34
Rating:
![အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်အခြေစိုက် စခန်းထားရှိဖို့ တရုတ်အစိုးရ ဟန်ပြင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho__Esn0rfgSYA6w0kBwnsm_gCjJHOqCifm2lyyrtkwZxLWcF_9J_fw3rel2KW9znKkjhR3vWjWT3RgVv9J1NmH8HDO3M7Q9DNeG2Si6ONhnw0NsJK9uRSUMqkwq3WkoZp58w_uE-WGJCG/s72-c/4.jpg)