ယခုနှစ် ကယားပြည်နယ်၌ တရားမဝင်သစ် ပိတောက်(စကွဲယားတုံး)များ တနေရာတည်း အများဆုံး စံချိန်တင်ဖမ်းမိ


ဒီးမော့ဆိုမြို့နယ် ဒေါငံခါး (၄)ရပ်ကွက်ရှိ တနေရာတည်းတွင် စုပုံထားသော တရားမဝင်သစ် ပိတောက်(စကွဲယားတုံး)များကို ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် ပြည်သူ၏ သတင်းပေးတိုင်ကြားမှုကို အခြေခံပြီး အာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီး လိုက်သည်။

ဒေါငံခါး ၄ ရပ်ကွက် ငြိမ်းချမ်းရေးသခင်မဘုရားကျောင်းအနီးရှိ လမ်းသွယ်တွင် စုပုံထားသော ပိတောက်တုံး ၅၀၀ တုံးဝန်းကျင် (ခန့်မှန်ခြေတန် ၉၀ ဝန်းကျင်)တို့ကို အာဏာပိုင်များက တွေ့ရှိဖမ်းဆီးခဲ့သည်။ သစ်ပိုင်ရှင်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦး၊ ခရိုင်သစ်တော လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုး၊ ဒကစ(လွိုင်ကော်)မှူး ဗိုလ်မှူးချုပ် မျိုးသန့်နိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဒီးမော့ဆိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့များ လုံခြုံရေးလိုက်ပါလျှက် အဆိုပါ တရားမဝင်သစ်အား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်)
Kantarawaddy Times
https://www.facebook.com/KantarawaddyTimes
ယခုနှစ် ကယားပြည်နယ်၌ တရားမဝင်သစ် ပိတောက်(စကွဲယားတုံး)များ တနေရာတည်း အများဆုံး စံချိန်တင်ဖမ်းမိ ယခုနှစ် ကယားပြည်နယ်၌ တရားမဝင်သစ် ပိတောက်(စကွဲယားတုံး)များ တနေရာတည်း အများဆုံး စံချိန်တင်ဖမ်းမိ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.