ဖေဖေါ်ဝါရီ ၄ ။
မန္တလေး၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ် ၀င်းအတွင်း ဖေဖေါ်ဝါရီ ၂ ရက် ည ၉နာရီခွဲခန့်က ဖြစ် ပွားခဲ့သည့် ဓါးထောက်လုယက်သူအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ တက္ကသိုလ်ကျောင်းဝင်းအတွင်း လေး ထပ်ကျောင်းဆောင်အနီး ချစ်သူရည်းစား ချိန်းတွေ့ ကြ သည့် ကို------နှင့် မ------တို့ထံမှ အမည်မသိသူ နှစ်ဦးက ဓါးထောက်ပြီး ဖုန်းလုယူသွားကြောင်း၊ လုယူ သွားသူ နောက်သို့ ကားဖြင့် လိုက်လံဖမ်းဆီးရာ လုယူ သူများက ၄င်းတို့တွင် ပါလာသည့် ဓါးဖြင့်ထိုးသွားခဲ့ ၍ ဝဲဘက် လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကို နယ်မြေရဲစခန်းမှ (ပ)၅၇/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂ ဖြင့် အမှု ဖွင့်ဆာင်ရွက် နေကြောင်းသိရသည်။
Mandalay News
https://www.facebook.com/lin.aung.777
မန္တလေးတက္ကသိုလ်တွင် ဓါးထောက်လုယက်မှု ဖြစ်ပွားခဲ့
Reviewed by THITHTOOLWIN
on
09:20
Rating: