ဗြိတိန် အကြမ်းဖက်သမား ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံရ


ဗြိတိန်နိုင်ငံလန်ဒန်မြို့က ဗလီအပြင်ဘက်မှာ ရှိနေတဲ့ မွတ်ဆလင်ဝတ်ပြုနေသူတွေကို van ကားတစီးနဲ့ မနှစ်က ဇွန်လက ၀င်တိုက်သတ်လို့ လူတယောက်သေပြီး ဆယ်ယောက်ကျော် ဒဏ်ရာရမှုအတွက် ပြစ်မှုထင်ရှားတာမို့ ဗြိတိန်လူမျိုး အသက် ၄၈ နှစ်ရွယ် Darren Osborne ကို အသက်တကျွန်းဒဏ်ချမှတ်လိုက်ပြီး အနည်းဆုံး ထောင်ဒဏ် ၄၃ နှစ်ကျခံရမယ်လို့ လန်ဒန် တရားရုံးတရုံးက မနေ့က ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

ကားနဲ့ဝင်တိုက်လို့ Makram Ali ဆိုသူ သေဆုံးရပြီး လူ ၁၂ ယောက်ဒဏ်ရာရတဲ့ထဲ နှစ်ယောက်က ဒဏ်ရာအတော်ပြင်းထန်ပါတယ်။ လူသတ်မှုနဲ့ လူသတ်ရန်ကြံစည်မှုတွေနဲ့ ပြစ်မှုထင်ရှားတာကို တွေ့ရှိတာကို ဆုံးဖြတ်ဖို့ ဂျူရီလူကြီးတွေက ကြာသပတေးနေ့က တနာရီနီးပါး အချိန်ယူရပါတယ်။

Osborne ဟာ် ပါလက်စတိုင်းလိုလားသူတွေ ချီတက်ပွဲကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ မနှစ်က ဇွန် ၁၈ ရက်မှာ ဝေလနယ် Cardiff မြို့တော်ကနေ လန်ဒန်မြို့လယ်ကို van ကားတစီး ဌာရမ်းမောင်းနှင်လာပြီး သန်းခေါင်လွန်လွန်ချင်း ၀တ်ပြုသူတွေကို ကားနဲ့ တိုက်သတ်လို့ အလီသေဆုံးရတာပါ။ သူဟာ သတ်နိုင်သလောက်သတ်ဖို့ ကြိုးစားတယ်လို့ နောက်ပိုင်းမှာ တရားရုံကိုပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဗြိတိန် အကြမ်းဖက်သမား ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံရ ဗြိတိန် အကြမ်းဖက်သမား ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.