တိုက်ပွဲများ ဆက်လက်ဖြစ်ပွား မှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရဆဲ


ဇန်နဝါရီ ၂

ကေအိုင်အေတပ်ရင်း ၆ နယ်မြေရှိ ကေဘီစီ လက်ဝါးကပ်တိုင် စိုက်ထူထားသည့် ဆုတောင်း တောင်ကုန်းအောက်တွင် တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၆ အကြား ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများက ဘုရားကျောင်းဝင်းအတွင်း သွားရောက်တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထိုသို့ နှစ်ဖက်တပ်ဖွဲ့အကြား ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် တပ်မတော်ဘက်က ရဟတ်ယာဉ် ၂ စင်းဖြင့် လာရောက် ပစ်ခတ်ခြင်းကြောင့်လည်း နမ်ရှိန်ကျေးရွာ ဒေသခံများ ထိတ်လန့်နေရသည်ဟု ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက် ၉ နာရီခန့်မှ မိုးချုပ်သည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ အခြေခံပညာကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

ထို လက်ဝါးကပ်တိုင် စိုက်ထူထားသည့် ဆုတောင်း တောင်ကုန်းသည် မြစ်ကြီးနား - ဖားကန့်လမ်းတွင် ရှိသည့် နမ်ရှိန် (Nam Shemg) ကျေးရွာအနီးတွင် ရှိသည်။

လဖိုင်လု
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တိုက်ပွဲများ ဆက်လက်ဖြစ်ပွား မှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရဆဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား မှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရဆဲ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.