ကျောက်ဖြူမှာ လူပေါင်း ၁၀ ကျော် ခွေးရူးကိုက်ခံရ၊ ကလေးငယ်များလည်းပါဝင် (ဓါတ်ပုံသတင်း)


ဖေဖော်ဝါရီ ၂၊ DMG

ကျောက်ဖြူမြို့မှာ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက် ၉ နာရီက ကလေးငယ်များအပါအဝင် လူပေါင်း ၁၀ ကျော် ခွေးရူးကိုက်ခံရကြောင်း ကျောက်ဖြူပြည်သူ့ဆေးရုံက သိရသည်။

ခွေးရူးတစ်ကောင်မှာ နံနက် ၉ နာရီကနေ လက်ရှိအချိန်ထိ မြို့ကိုပတ်၍ လိုက်ကိုက်နေပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၁၇ ဦးခန့် ဆေးကုသနေရကြောင်း DMG သတင်းထောက်က ပြောသည်။

အဆိုပါ ခွေးရူးကို မြို့နယ်စည်ပင်အဖွဲ့ ဖမ်းဆီးနေသော်လည်း ဖမ်းဆီးမရသေးကြောင်း၊ ခွေးမှာ ပိုင်ရှင်မရှိဘဲ လေလွင့်နေသောခွေးဖြစ်ကြောင်း၊ ယင်းခွေးရူးနှင့်အတူ အခြားခွေးများပါ ဒေသခံများကို ကိုက်ရန် မြို့ကိုပတ်နေကြောင်း၊ အကိုက်ခံရသော လူနာများလည်း တိုးလာနေကြောင်း DMG သတင်ထောက်က ပြောသည်။

ဓါတ်ပုံ - ခိုင်မင်း (ကျောက်ဖြူ)
Development Media Group
https://www.facebook.com/dmgnewsagency/
ကျောက်ဖြူမှာ လူပေါင်း ၁၀ ကျော် ခွေးရူးကိုက်ခံရ၊ ကလေးငယ်များလည်းပါဝင် (ဓါတ်ပုံသတင်း) ကျောက်ဖြူမှာ လူပေါင်း ၁၀ ကျော် ခွေးရူးကိုက်ခံရ၊ ကလေးငယ်များလည်းပါဝင် (ဓါတ်ပုံသတင်း) Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.