လစ်ဗျားမှာ လူမှောင်ခိုလှေမြုပ် ၉ဝ ခန့် သေဆုံး


လစ်ဗျားနိုင်ငံကမ်းလွန်မှာ လူမှောင်ခိုတွေတင်ဆောင်လာတဲ့ လှေတစင်း မနေ့က နှစ်မြုပ်သွားခဲ့ရာမှာ ခိုးဝင်လာသူ ၉ဝခန့် ရေနှစ်သေဆုံးသွားပြီး ၃ ဦးပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ လွတ်မြောက်သူတွေရဲ့ ပြောဆိုချက်အရ သေဆုံးသူအများစုဟာ ပါကစ္စတန်နိုင်ငံကလာသူတွေဖြစ်ပါတယ်။

အခုအချိန်ထိ လူသေအလောင်း ၁ဝ လောင်းကိုရရှိခဲ့ရာမှာ ၂ ဦးက လစ်ဗျားနိုင်ငံသားတွေဖြစ်ပြီး ကျန် ၈ ဦးက ပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပကို ခိုးဝင်သူတွေဟာ အဓိကအားဖြင့် လစ်ဗျားနိုင်ငံက လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း လစ်ဗျားက အီတလီကို ခိုးဝင်သူ ၆ သိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လစ်ဗျားမှာ လူမှောင်ခိုလှေမြုပ် ၉ဝ ခန့် သေဆုံး လစ်ဗျားမှာ လူမှောင်ခိုလှေမြုပ် ၉ဝ ခန့် သေဆုံး Reviewed by THITHTOOLWIN on 07:25 Rating: 5
Powered by Blogger.