ပဲခူးမြို့နယ်၊ ဈေးညောင်ပင်ကျေးရွာမှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ နေလင်းဦး(ခ)အရှည်မ ဆိုသူဟာ ပဲခူးမြို့နယ်၊ ဓမ္မသိုက်ဘုရားပွဲနားမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ အင်းတကော်နယ်မြေရဲစခန်း မှတ်တမ်းတွေအရ သိရပါတယ်။
သေဆုံးသူဟာ ဇန်နဝါရီ(၃၁)ရက်ည(၁၀)နာရီလောက်က အဒေါ်ဖြစ်သူတွေကို ရည်းစားနဲ့ချိန်းတွေ့ဖို့ဆိုပြီး ပြောဆိုကာ ဓမ္မသိုက်ဘုရားပွဲခင်းထဲကနေ ထွက်ခွာသွားရာက ပွဲခင်းနဲ့(၂)ဖာလုံခန့်အကွာမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ဖခင်ကနေ တရားလိုပြုတိုင်ကြားတာကြောင့် အင်းတကော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုး ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ရည်းစားနှင့်တွေ့ရန် အပြင်ထွက်သွားသူ ဓားဒဏ်ရာများဖြင့် သေဆုံးနေ
Reviewed by THITHTOOLWIN
on
12:59
Rating:
![ရည်းစားနှင့်တွေ့ရန် အပြင်ထွက်သွားသူ ဓားဒဏ်ရာများဖြင့် သေဆုံးနေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMJPTX8vDygHznIhfsmYQHHgUFoFnxYFxoEONjzTRM1F9ThQZuD0mHmzM5f-YtLLXkVQ82U_tIjoUxBexOPszY1A-q51YyNjcXdcZH1kWR0B7tGcheBFAS8CA_mD1q8K8Q2HILsoawLWe-/s72-c/3.jpg)