အမေရိကန် လွှတ်တော်အမတ်တွေက ဟောင်ကောင်ကျွန်းမှာ ၂ဝ၁၄ ခုနှစ်ကပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် ၃ ဦးကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ အဆိုပြုခဲ့တဲ့အတွက် တရုတ်အစိုးရက သောကြာနေ့မှာ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် ၁၂ ဦးက အော်စလိုမြို့မှာရှိတဲ့ နိုဘယ်လ်ဆုခြီးမြှင့်ရေးကော်မတီကို ဒီအပတ်အတွင်း ပေးပို့ခဲ့တဲ့စာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရေးအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားတောင်းဆိုခဲ့တဲ့ အဲဒီ ကျောင်းသားခေါင်းဆောင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ နိုဘယ်ဆုပေးသင့်ကြောင်း ဖေါ်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အမေရိကန်အမတ်တွေအနေနဲ့ ဟောင်ကောင်နဲ့ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။
အဆိုပြုခံရတဲ့ Joshua Wong ဂျော့ရှ်ဝါ ဝှန်၊ Nathan Law နသန် လောနဲ့ Alex Chow အဲလက် ချောင်း တို့ဟာ အခု အသက် ၂၁ နှစ်ကနေ ၂၇ နှစ်အထိရှိကြပြီဖြစ်ပါတယ်။ နိုဘယ်လ်ဆုရှင်စာရင်းကို လာမယ့် ဒီဇင်ဘာလအတွင်း ကြေညာပါလိမ့်မယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန်အမတ်တွေကို တရုတ် ပြစ်တင်ပြောကြား
Reviewed by THITHTOOLWIN
on
07:47
Rating:
![အမေရိကန်အမတ်တွေကို တရုတ် ပြစ်တင်ပြောကြား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhewBPde8q4OaqFu1f8agUDM3uP_IZuYBWdug4OVvROm9DNywLaBHHGJpvD38I-fHYlE9dX3WNTJaHOAucod9lcyyMWF_6TNHY8IhwHEzOjlfATqWTnFGObIFLpIOU0EKBEQNT2U218pKfz/s72-c/5.png)