ချစ်သူကို သ၀န်တိုပြီး ခွဲစိတ်ပစ်လိုက်တဲ့ အမျိုးသမီး ထောင်နှစ်ရှည်ကျခံရဖွယ်ရှိ


အက်စတာနာ၊ ဖေဖော်ဝါရီ - ၂

ကာဇတ်စတန်နိုင်ငံမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူမရဲ့ ချစ်သူကို သ၀န်တိုပြီး ခွဲစိတ်ခန်းသုံး ဓားစွမ်းပြခဲ့တာကြောင့် ထောင်ဒဏ်ကျခံရဖွယ် ရှိနေကြောင်း Mirror က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဖော်ပြထားပါတယ်။

Zhanna Nurzhanova အမည်ရှိ အမျိုးသမီးက သူမရဲ့ ချစ်သူ R. Suleimanov အနေနဲ့ အခြားအမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ သံသယ၀င်ခဲ့တာ ဖြစ်ပါတယ်။


ဒါကြောင့် သူမအနေနဲ့ ချစ်သူကို ဖျားယောင်းသွေးဆောင်လျက် ယောက်ျားဘ၀ကို အဆုံးသတ်ပေးခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးမှတ်တမ်းများမှာ ဖော်ပြပါရှိပါတယ်။

အဆိုပါ အမျိုးသမီးက အလှပြုပြင်ရေးလုပ်ငန်းကို ဆောင်ရွက်သူဖြစ်ပြီး ချစ်သူ အမျိုးသားရဲ့ ဖုန်းထဲမှာ အခြားညှို့အားပြင်း အမျိုးသမီးတစ်ယောက်ရဲ့ ပုံကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။သူမက တစ်စုံတစ်ရာ ရန်ဖြစ်ပြဿနာရှာခြင်းမရှိဘဲ ချစ်သူကို သူမနဲ့ အတူရှိရန် ဖျားယောင်းသွေးဆောင်လျက် ည ၂ နာရီအချိန်မှာ ရက်ရက်စက်စက် နှိပ်စက်ခဲ့ပါတယ်။

အမျိုးသားရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ရင်ဘတ်တို့ကို အလူမီနီယမ်ချောင်းဖြင့် ရိုက်နှက်လျက် ပြန်လည်ခုခံခြင်း မပြုနိုင်တော့တဲ့အချိန်တွင် ထုံဆေးသုံးလုံး
မျိုးပွားအင်္ဂါ အနီးတစ်ဝိုက် ထိုးသွင်းကာ ခွဲစိတ်ခန်းသုံးဓားဖြင့် ဝှေးစေ့နှစ်လုံးကို ထုတ်ယူလိုက်ခြင်း ဖြစ်ပါတယ်။

အမျိုးသားမှာ အသက်အန္တရာယ် မစိုးရိမ်ရတော့သော်လည်း ယောက်ျားဘ၀ ဆုံးရှုံးသွားပြီဖြစ်ကာ၊ အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများနဲ့ ဆက်လက်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

အမျိုးသားအနေနဲ့ ကာဇတ်စတန်တွင် ပထမဆုံးသော ဝှေးစေ့အစားထိုးခွဲစိတ်မှု ဆောင်ရွက်ရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Thomas
Ref : Mirror
Opinion Leaders Media
https://www.facebook.com/opinionleadersnews/
ချစ်သူကို သ၀န်တိုပြီး ခွဲစိတ်ပစ်လိုက်တဲ့ အမျိုးသမီး ထောင်နှစ်ရှည်ကျခံရဖွယ်ရှိ ချစ်သူကို သ၀န်တိုပြီး ခွဲစိတ်ပစ်လိုက်တဲ့ အမျိုးသမီး ထောင်နှစ်ရှည်ကျခံရဖွယ်ရှိ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.