နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်/ Photo: RFA |
အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ ဥက္ကဌ၊ ရီပါဘလီကင် အမတ် ဂျွန်မက်ကိန်းနဲ့ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အကြီးတန်းအဖွဲ့ဝင်၊ ဒီမိုကရက်တစ် အမတ် ဘင် ကာဆင်တို့ ရေးဆွဲခဲ့တဲ့ အဲဒီဥပဒေကို အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု အက်ဥပဒေအရ၊ အမေရိကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနတွေအနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျေနပ်လောက်တဲ့အထိ မရပ်တန့်သေးသမျှ၊ မြန်မာစစ်တပ်နဲ့ စစ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘဲ၊ စီးပွားရေး နဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ၊ အရပ်သားအစိုးရထံ အောင်အောင်မြင်မြင် အာဏာလွှဲပြောင်းရေးတွေ ပေါ်ပေါက်လာအောင်၊ စစ်တပ်ထိန်းချုပ် မှုအောက်က လွတ်ကင်းအောင် အားပေးမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
RFA Burmese
https://www.rfa.org/burmese
မြန်မာစစ်တပ်အရာရှိတွေကို ပစ်မှတ်ထားအရေးယူတဲ့ဥပဒေ ကန်လွှတ်တော် အတည်ပြု
Reviewed by THITHTOOLWIN
on
05:16
Rating: