![]() |
(ခွေးရူးကိုက်ခံရပြီးနောက်သတ်ဖြတ်ခံထားရသည့် ခွေးများ/ဓာတ်ပုံ၊ မောင်မောင်ထွန်း) |
ကျောက်ဖြူတွင် ဖေဖော်ဝါရီလ ၂ ရက် တစ်နေ့တည်းတွင် လူပေါင်း(၂၂)ဦး ခွေးရူးကိုက်ခံရပြီး ထိုအထဲမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်သို့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။
‘‘ ခွေးရူးကိုက်ခံရတာ ၂၂ ဦးပါ။ နောက်တစ်ဦး အရင်ကတည်းက ခွေးကိုက်ခံရပြီး ဆေးရုံဝင်နေတဲ့ သူ တစ်ဦး ပါ။ ခွေးရူးကိုက်ခံရတဲ့ အထဲမှာ HIV လူနာတစ်ဦးပါတယ်။ လူနာအားလုံးကို ကာကွယ် ဆေးထိုးထားပါပြီ။ လူနာတစ်ဦးကတော့ မျက်နှာမှာ ဒဏ်ရာများတဲ့အတွက် ရန်ကုန်သို့ ယူသွား ပါတယ်’’ဟု ကျောက်ဖြူခရိုင်ဆေးရုံမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ထိုသို့ ခွေးရူးအကိုက်ခံရပြီးနောက် ကျောက်ဖြူတွင် ခွေးများကို စည်ပင်မှ အဆိပ်ချ ကျွေးသတ် နေရာ ယမန်နေ့က ၁၂ ကောင် သတ်ဖြတ်နိုင်ခဲ့သည်ဟု ကျောက်ဖြူမြို့၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင် ကပြောသည်။
‘‘ မနေ့က အဆိပ်ကျွေးပြီး သတ်တာ ၁၂ ကောင် သေတယ်။ သေတဲ့အထဲမှာ လူတွေကို ကိုက်သွားတဲ့ ခွေးပါမပါ ခွေးကို မမြင်ဖူးတော့ မသိဘူး။ ဒီနေ့တော့ ဘာအသံမှ မကြားရသေးဘူး။ မနေ့က လူနာတွေကို ကာကွယ်ဆေးထိုးထားပြီးပြီ။ အဆိပ်ဖြေဆေးကတော့ ဒီနေ့ ကျောက်ဖြူကို ရောက်ဖို့ရှိတယ်’’ဟု သူကပြောသည်။
ခွေးရူးကိုက်ခံရသူ (၂၂)ဦးနှင့် ယခင်က အကိုက်ခံရပြီး ဆေးရုံဝင်နေသူ(၁)ဦးအပါအ၀င် ကျား(၁၂) မ(၁၁)ဦး ရှိကြောင်း သိရသည်။
ကျောက်ဖြူတွင် တစ်နေ့တည်း လူပေါင်း တစ်ဆယ်ကျော် ခွေးရူးကိုက်ခံရမှုမှာ ယခင်နှစ်ကလည်း ဖြစ်ခဲ့ဖူးသဖြင့် ခွေးရူးနှိမ်နှင်းရေးကို စီမံချက်ချပြီး ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ကျော်ဝင်း ( ကျောက်ဖြူ )
Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူတွင် တစ်နေ့တည်း လူ(၂၂)ဦး ခွေးရူးကိုက်ခံရ၊ တစ်ဦးဒဏ်ရာပြင်းထန်၍ ရန်ကုန်သို့ ပို့ဆောင်ရ
Reviewed by THITHTOOLWIN
on
11:03
Rating:
![ကျောက်ဖြူတွင် တစ်နေ့တည်း လူ(၂၂)ဦး ခွေးရူးကိုက်ခံရ၊ တစ်ဦးဒဏ်ရာပြင်းထန်၍ ရန်ကုန်သို့ ပို့ဆောင်ရ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Eved5LHYDq-bTUBITZVlAaOBwRUibG0060PDiWkssz1L7epd14IUoouYO4RbxIpu6RGJVtzfDvev2ldTIIh09y2__j6acskaN7YJqcQu_TuaGB9CX0y3sDjHp2kk8ytkpWqbyNH8l3m0/s72-c/1.jpg)