တနိုင်းကနေ ထွက်ပြေးလာ |
ဆွမ်ပရာဘွမ်၊ ဝိုင်းမော်နဲ့ တနိုင်း ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ အပေါ် ထိခိုက်လာမှာကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၅ ရက်က စပြီး တနိုင်းမှာ တိုက်ပွဲတွေ ပြင်းထန် လာတာမှာ အရပ်သား တချို့ သေဆုံး ခဲ့ရသလို ၊ လူတွေ ထောင်ချီပြီး ထွက်ပြေး နေကြရတယ်လို့ အစီရင်ခံစာထဲ ဖော်ပြ ထားပါတယ်။
ဆွမ်ပရာဘုံ မြို့နယ်ထဲမှာလည်း အရပ်သား ၇ဝဝ ကျော် တောတောင်တွေထဲ ရှောင်ပုန်း နေကြရသလို၊ လူ ၅ဝဝ ဝန်းကျင် မှီခိုနေတဲ့ စစ်ရှောင်စခန်း နဘေး မော်တာကျည်တွေ ကျရောက် ပေါက်ကွဲခဲလို့ လူတွေ ထွက်ပြေး ခဲ့ကြရတယ်လို့ ဆိုပါတယ်။
IDP စခန်းသစ်တွေ ပေါ်လာရပြန် |
ဒီ တွေ့ဆုံပွဲမှာ ဘာတွေ ဆွေးနွေး ခဲ့ကြသလဲ၊ တိုက်ပွဲတွေ အရှိန်လျှော့ဖို့ နှစ်ဘက် ကြိုးစားမှာလား စတာတွေကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြောတာမျိုး မရှိ သေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်နေ
Reviewed by THITHTOOLWIN
on
07:47
Rating: