ပင်လယ်ရေထဲသို့ပြုတ်ကျနေသော အမည်မသိ ငှက်ကြီးတစ်ကောင်အား ရေလုပ်သားနှစ်ဦးက ဖမ်းဆီးလာ


ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာအုပ်စု၊ ကျားတန်း(၂)ရပ်ကွက်တွင်
ဖေဖော်ဝါရီ (၃)ရက် မွန်းလွဲပိုင်းက ပင်လယ်ရေထဲသို့ပြုတ်ကျနေသော အမည်မသိငှက်ကြီး တစ်ကောင်အား ရေလုပ်သားနှစ်ဦးက ဖမ်းဆီးလာကာ ခေတ္တထိန်းသိမ်းထားရှိကြောင်းသိရသည်။

ကံချိုင်ကျေးရွာအုပ်စု၊ကျားတန်း(၂)ရပ်ကွက်တွင်နေထိုင်သော ကိုဇော်ဇော်နှင့် ကိုစံလင်းထွန်းတို့နှစ်ဦးသည် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားပြီးပြန်လာရာ မော်တင်စွန်းအငူနှင့် လိပ်ကျွန်း(သမီးလှကျွန်း)အကြားတွင် ငှက်ကြီးတစ်ကောင် ဝဲပျံနေသည်ကိုတွေ့ရကြောင်း၊ ငှက်ကြီးမှာ ပင်လယ်ရေပြင်ပေါ်သို့ ပြုတ်ကျလာကာ တောင်ပံများရေစိုနေ၍ မပျံသန်းနိုင်တော့သဖြင့် ဖမ်းခေါ်လာကြောင်း၊ ယင်းငှက်ကြီးအား ကျားတန်း(၂)ရပ်ကွက်ရှိ ဦးဝင်းနောင်၏ခြံထဲတွင် ခေတ္တထိန်းသိမ်းထားရှိကြောင်း သိရသည်။

ငှက်ကြီးအားဖမ်းမိလာသူ ကိုဇော်ဇော်က " လောလောဆယ်တော့ ဒီအတိုင်းခဏစောင့်ကြည့်ပြီးတော့ သူပျံနိုင်မယ်ထင်ရင်တော့ ပြန်လွှတ်ပေးဖို့စီစဉ်ထားပါတယ်" ဟု ပြောသည်။

ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပင်လယ်ရေထဲသို့ပြုတ်ကျနေသော အမည်မသိ ငှက်ကြီးတစ်ကောင်အား ရေလုပ်သားနှစ်ဦးက ဖမ်းဆီးလာ ပင်လယ်ရေထဲသို့ပြုတ်ကျနေသော အမည်မသိ ငှက်ကြီးတစ်ကောင်အား ရေလုပ်သားနှစ်ဦးက ဖမ်းဆီးလာ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.