စာရာမေတိတောင်ကို တွေ့ရစဉ်/ Photo: elevation.maplogs.com |
နန်းသလက်ချောင်းမှာ ဒေသခံတွေက သွားရောက်တားဆီးကြတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက ရွာအထိတော့သွားလိုကြောင်းပြောတာကြောင့် ဒေသခံတွေက မသော်ရီရွာအထိ သွားခွင့်ပြုလိုက်ကြတယ်လို့ မကူရီနာဂလူငယ်များအစည်းအရုံး ဥက္ကဌ မဆန်းစစ်ရှီး က ပြောပါတယ်။
"ရွာက မသော်ရီကျေးရွာ တားတာကျတော့ နန်းသလက်ချောင်းဆိုတာ အဲဒီရွာမရောက်ခင် ကြိုးတံတား နဲ့ ဖြတ်ရတဲ့ ချောင်းကြီးရှိတယ်၊ အဲဒီချောင်းမှာသွားပြီးတော့မှတွေ့တာ၊ အဲဒီချောင်းကိုလည်း ကျော်ခွင့် မပေးဘူး၊ ရွာသားတွေ အဲမှာသွားတွေ့တယ်၊ သူတို့ကလည်း အဲဒီဘက်ကိုတော့ ဆက်မသွားပါဘူး၊ ရွာကိုတော့ ရောက်ခွင့်ပေးပါ၊ ရွာထိတော့မတားပါနဲ့ဆိုပြီးတော့ သူတို့ဘက်ကတောင်းဆိုတာ နဲ့ နောက်ဆုံးရွာသားတွေကလည်း ရွာအထိကိုတော့ ခွင့်ပြုလိုက်တာပေါ့။"
ဒီနေ့မနက်ပိုင်းမှာတော့ လေရှီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်း ကလွဲပြီး ကျန်တဲ့အဖွဲ့တွေက ရွာကနေပြန်ထွက်သွားပြီဖြစ်တယ်လို့ မဆန်းစစ်ရှီး က ပြောပါတယ်။
တိုင်းအစိုးရအနေနဲ့ စာရာမေတိဒေသကို အမျိုးသားဥယျာဉ် အကောင်အထည်ဖော်ဖို့ စီစဉ်နေတာကို ဒေသခံတွေ က ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် ကြိုးပြင်ကာကွယ်တောအဖြစ်သာ သတ်မှတ်ဖို့ဆိုပြီး ပြောင်းလဲဆောင်ရွက်နေ တာဖြစ်တယ်လို့လည်း မဆန်းစစ်ရှီး က ပြောပါတယ်။
စာရာမေတိဒေသဟာ မကူရီလူမျိုးတွေရဲ့ ရိုးရာကိုးကွယ်ယုံကြည်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့် ကိုးကွယ်ယုံကြည်မှုတွေ ပျောက်ပျက်သွားမှာ စိုးရိမ်တဲ့အတွက် ကန့်ကွက်နေတာဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
စာရာမေတိတောင်ကိုသွားတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဒေသခံတွေ ကန့်ကွက်
Reviewed by THITHTOOLWIN
on
19:06
Rating: