မင်းလှ ဖေဖော်ဝါရီ ၃
မင်းလှမြို့နယ်နေ အမျိုးသမီးတစ်ဦးက ၎င်း၏သမီးဖြစ်သူ ငါးတန်းကျောင်းသူအား သားမယားပြုကျင့်ခဲ့သော ကျောင်းလုပ်သားအား ဖေဖော်ဝါရီ(၁)ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊-------ကျေးရွာနေ ဒေါ်-------၊၃၃နှစ်သည် ဇန်နဝါရီ(၃၁)ရက်နေ့ ညနေ(၄)နာရီအချိန်က နေအိမ်တွင် ရှိနေစဉ် သမီးဖြစ်သူ-----၁၂နှစ်၊ငါးတန်း(-----ကျေးရွာ၊အထက(ခွဲ)မှ နေအိမ်သို့ ငိုယိုပြီးပြန်လာသဖြင့် မေးမြန်းခဲ့ရာ နေ့လည် ထမင်းစားကျောင်းဆင်းချိန်တွင် နေအိမ်သို့ ထမင်းစားပြန်ခဲ့ပြီး ကျောင်းသို့ပြန်သွားခဲ့ကြောင်း၊ နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် ကျောင်းသို့ရောက်ရှိခဲ့ပြီး စာသင်ခန်းထဲသို့ဝင်ရောက်ခဲ့စဉ် တစ်ရွာတည်းနေ ဦးအောင်ဆန်း၊၅၀နှစ်၊ကျောင်းအထွေထွေလုပ်သား၊ အား စာသင်ခန်းတွင်တွေ့ရှိရကြောင်း၊ ဦးအောင်ဆန်းမှ ဆံပင်ဖြူနှုတ်ခိုင်း၍ နှုတ်ပေးနေစဉ် ကျောင်းခန်းတံခါးမကြီးအား ပိတ်ခိုင်း သဖြင့် မ-------၁၂နှစ်မှ သွားရောက်ပိတ်ခဲ့ကြောင်း၊ ယင်းနောက် တံခါးပိတ်ပြီး ဆံပင်ဖြူများ ဆက်လက်နှုတ်ပေးနေစဉ် ဦးအောင်ဆန်းမှ သားမယားအဖြစ် အဓမ္မ(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြန်လည်ပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြား ချက် အရသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သမီးဖြစ်သူအား သားမယားပြုကျင့်သူ ဦးအောင်ဆန်းအား အရေးယူပေး ရန် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ဒေါ်-----၃၃နှစ်မှ တရားလိုပြုတိုင်ကြားခဲ့၍ မင်းလှမြို့နယ်၊ မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငါးတန်းကျောင်းသူအား ဆံပင်ဖြူနှုတ်ခိုင်းပြီး သားမယားပြုကျင့်ခဲ့သော ကျောင်းလုပ်သားအား တိုင်ကြား
Reviewed by THITHTOOLWIN
on
15:44
Rating: