ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ရုံးထုတ်စစ်ဆေးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂ ရက် ရုံးချိန်းမှာ “မင်းတို့ ထမင်းဝအောင်စားထား“ စာတမ်းပါ အကျီဝတ်ဆင်ထားသူ တစ်ဦးပါဝင်တဲ့ လူအုပ်စုလိုက်လာရောက် စောင့်ဆိုင်းခဲ့တာ ဟာတရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်တဲ့ အပြုအမူဖြစ်တယ်လို့ တရားလိုဘက်က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး ကပြောပါတယ်။ ဘယ်သူဘယ်ဝါကို ရည်ရွယ်မှန်းမသိတဲ့ မင်းတို့
ထမင်းဝအောင် စားထား စာတမ်းပါ တီရှပ်တွေကို ၀တ်ဆင်လာတာဟာ အမှန်တရားပေါ်ပေါက်ဖို့ အေးအေးဆေးဆေး စစ်ဆေးနေတဲ့ တရားခွင်ကို အနှောက်အယှက်ဖြစ်စေပြီး ခြိမ်းခြောက်ခံရတယ်လို့ ယူဆနိုင်တယ်လို့ ဦးခင်မောင်ဌေး ကပြောပါတယ်။
လူတစ်ယောက်ကို အကြောင်းမဲ့ အများပြည်သူရှေ့မှာ သတ်ဖြတ်ခဲ့တဲ့ အမှုအပေါ် ထောက်ခံကြောင်းပြုလုပ်နေတဲ့ လူအဖွဲ့စည်းတစ်ခုအတွက် မွေးခွန်းထုတ်စရာ အခြေအနေတစ်ခုဖြစ်နေကြောင်း၊ ရဲတပ်ဖွဲ့တွေရဲ့ရှေ့မှောက်မှာ မင်းတို့ထမင်းဝအောင် စားထား စာတမ်းကို ၀တ်ဆင်တာဟာ သတင်းထောက်တွေ၊ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေ၊ တရားလို၊ တရားခံရှေ့နေတွေ
ကိုခြိမ်းခြောက်တဲ့ သဘောသက်ရောက်သလို တရားစီရင်ရေးကို နှောက်ယှက်နေတာမြင်သာတယ်လို့ ဦးခင်မောင်ဌေးက ပြောပါတယ်။
“မင်းတို့ထမင်းဝအောင် စားထား”စာတမ်းပါ တီရှပ်အင်္ကျီဝတ်ဆင်ထားသူတစ်ဦးပါဝင်တဲ့ လူတစ်စုဟာရုံးထုတ် မစစ်ဆေးခင်ကတည်းက တရားခွင်အပြင်ဘက်မှလာရောက် စောင့်ဆိုင်းနေတာဖြစ်ပြီး သေနတ်သမားကြည်လင်းနဲ့တရားစွဲဆိုခံထားရသူတို့ကားနဲ့ ၀င်ရောက်လာချိန်နဲ့တရားခွင်ကို သွားရာလမ်းတစ်လျှောက်မှာတော့ စာတမ်းပါအကျီတွေကို သွားရောက်ပေးဝေခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ(၂)ရက်ရုံးချိန်မှာ တရားလိုပြသက်သေ အားလုံးကိုစစ်ဆေးပြီးနောက် သေနတ် သမားကြည်လင်း အပါအ၀င်တရားစွဲဆို ခံထားရသူသုံးဦးကို လက်ရှိပုဒ်မတွေအတိုင်း စွဲချက်တင်သင့်၊ မတင်သင့်နှစ်ဖက်ကြားနားမှုပြုလုပ်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလ(၉)ရက် ရုံးချိန်မှာ တရားသူကြီးက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က စန်းသီရိခင်ပေးပို့ထားတာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ဦးကိုနီအမှု ရုံးချိန်းတွင် တရားဥပဒေစိုးမိုးရေးအား ခြိမ်းခြောက်မှုဖြစ်ပေါ်
Reviewed by THITHTOOLWIN
on
02:31
Rating:
![ဦးကိုနီအမှု ရုံးချိန်းတွင် တရားဥပဒေစိုးမိုးရေးအား ခြိမ်းခြောက်မှုဖြစ်ပေါ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOsLGPz6EZiGq2zwXjkRuLx3RIAqwzaZgS9YgFjIvwT-w3ZeV_7y_qE0jRE7Q52Hg42vU1alP1JutUku5Q5bVjaOJOhn-XDK8NC93CwOQ7Smbhc7Kb-myoV6mbyJ6epR81nzEpE9_hd0Q/s72-c/1.jpg)