နိုင်ငံခြားသားနှင့်လက်ထပ်လျှင် ငွေမည်မျှရမည်ဆိုကာ စည်းရုံးမှုကို သဘောတူလိုက်ပါသည့် ဖြစ်စဉ်များ မြင့်တက်လာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှပြောကြား
ရန်ကုန် ဖေဖော်ဝါရီ ၂
နိုင်ငံခြားသားနှင့် လက်ထပ် လျှင် ပိုက်ဆံမည်မျှရမည်ဆိုကာ စည်းရုံးမှုကို သဘောတူလိုက်ပါ သည့်ဖြစ်စဉ်များ မြင့်တက်လာ ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးတပ်ဖွဲ့မှ ဒုရဲမှူးကြီးသက် နောင်၏ပြောကြားချက်အရ သိရ သည်။
တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံသို့လာရောက်၍ တရား ရုံးများ၌ မြန်မာအမျိုးသမီးများနှင့် လက်ထပ်နေကြကြောင်း၊ နိုင်ငံခြား သားများနှင့် လက်ထပ်ခွင့်ရှိသည့် ဥပဒေရှိသော်လည်း လက်တစ်လုံး ခြားလိမ်လည်လှည့်ဖျား၍တစ်ဖက် နိုင်ငံသို့ခေါ်ဆောင်ကာ ၄င်းမြန်မာ အမျိုးသမီးများ လူ့အခွင့်အရေးများ ချိုးဖောက်သည့် စေခိုင်းမှုမျိုး ပြုမူ ခြင်းခံရကြောင်း သိရသည်။
''ခုနောက်ပိုင်းမှာ တရုတ် နိုင်ငံမှာ လက်ထပ်ထိမ်းမြားမှုတွေ ပိုများလာတယ်။ယခင်နှစ်ကလည်း များတယ်။ အခုနှစ်လည်း များ တယ်။ မိန်းကလေးတွေထိမ်းမြား လက်ထပ်မှုတွေက ကိုယ်တိုင်က သဘောတူပြီးမှ လက်ထပ်နေကြ တာကိုတွေ့နေရတယ်။ဟိုမှာအလုပ် လုပ်ရမယ်ဆိုပြီး လိမ်ညာခေါ်သွား တာတွေများတယ်။ ဒီဘက်ရောက် မှတရုတ်နဲ့လက်ထပ်ရမယ်၊ပိုက်ဆံ ဘယ်လောက်ရမယ်ဆိုပြီး စည်းရုံး တယ်။ ဒါကို သဘောတူပြီးလိုက် ပါသွားတဲ့ဖြစ်စဉ်တွေ မြင့်တက် လာတယ်။ ဖော်ထုတ်နိုင်တာတွေ လည်းများတယ်''ဟုလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒုရဲမှူး ကြီးသက်နောင်က ပြောသည်။
မြန်မာအမျိုးသမီးများအား တစ်နှစ်လက်ထပ်ရမည်ဖြစ်ပြီး ကလေးတစ်ယောက်မွေးပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် ငွေကျပ်သိန်း ၂ဝ ပေးမည်ဟုဆိုကာ စည်းရုံးကြ ကြောင်း၊တစ်နှစ်လုပ်အားခမှာသိန်း ၂ဝ ဆိုသော်လည်းရက်နှင့်ပြန်ချိုး သော်တစ်ရက် ၅ဝဝဝ ဝန်းကျင် သာရှိကြကြောင်း၊ ယင်းငွေ ကျပ် သိန်း၂ဝမှာ ၄င်းတို့အနေဖြင့်အပြည့် အဝမရရှိကြကြောင်း သိရသည်။
''ဟိုမှာသွားယောက်ျားယူပြီး ကိုယ်ဝန်ဆောင်ပေးပြီးတာနဲ့ ကိစ္စ ကမပြတ်ဘူး။ ရှိသမျှအလုပ်တွေ အကုန် အောက်ခြေသိမ်းလုပ်ရ တယ်။ပြင်ပအလုပ်ခွင်မှာ အလုပ် လုပ်ခိုင်းပြီး ရသမျှပိုက်ဆံကိုသူတို့ ကသိမ်းတယ်။ အလုပ်ကိုလည်း ခေါင်းပုံဖြတ်တယ်။ နောက် တစ် ယောက်ပြီးတစ်ယောက်ကို လက် ဆင့်ကမ်းရောင်းစားခြင်းခံရပြန် တယ်။တစ်ခါမှမမြင်ဖူးတဲ့ လူတစ် ယောက်ကိုတစ်ရက် ၅ဝဝဝ နှုန်းနဲ့ လက်ခံတာ မဖြစ်သင့်တဲ့ကိစ္စပဲ'' ဟု ဒုရဲမှူးကြီးသက်နောင်ကပြော သည်။
ယင်းဖြစ်စဉ်များတွင် မြန်မာ အမျိုးသမီးများပေါင်းသင်းရသည့် သူများမှာ လူကောင်းများနှင့် မပေါင်းသင်းရဘဲ ရူးနေသည့်သူ များ၊ မွေးရာပါသွက်ချာပါဒသမား များ၊ ကျန်းမာရေးချို့ယွင်းနေ သည့်သူများနှင့်သာ ပေါင်းသင်းခဲ့ ရသည့်ဖြစ်စဉ်များ များစွာရှိသော ကြောင့် မြန်မာအမျိုးသမီးများ လွယ်လွယ်မဆုံးဖြတ်ကြရန်နှင့် သိသိကြီးနှင့် လိုက်ပါသွားသည့် သူများမှာ လူကုန်ကူးမှုပညာပေး များအား လျစ်လျူရှုခဲ့ပြီး ဒုက္ခနှင့် မကြုံရခင် ဘာကိုမျှကြောက်ရွံ့မှု မရှိကြကြောင်း ၄င်းကပြောသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးတပ်ဖွဲ့မှ ဇန်နဝါရီလမှ ယနေ့ အထိအမှုပေါင်း ၂၆ မှုဖော်ထုတ် နိုင်ခဲ့ပြီး မြို့နယ်အများအပြား၌ လူကုန်ကူးမှုပညာပေးဟောပြောပွဲ များလက်ကမ်းစာစောင်များဖြန့်ဝေ ကာ ဆက်လက်ဖော်ထုတ်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သစ်တော်
The Union Daily
https://www.facebook.com/uniondaily.net
နိုင်ငံခြားသားနှင့်လက်ထပ်လျှင် ငွေမည်မျှရမည်ဆိုကာ စည်းရုံးမှုကို သဘောတူလိုက်ပါသည့် ဖြစ်စဉ်များ မြင့်တက်လာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှပြောကြား
Reviewed by THITHTOOLWIN
on
20:49
Rating:
![နိုင်ငံခြားသားနှင့်လက်ထပ်လျှင် ငွေမည်မျှရမည်ဆိုကာ စည်းရုံးမှုကို သဘောတူလိုက်ပါသည့် ဖြစ်စဉ်များ မြင့်တက်လာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှပြောကြား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDRqothyphenhyphenUNWjuL7hYmVUPlTM106DsW7Nv-UG7jGKQB_obx8-sz3PvWkZ3MbPZGPut8UjubvIdy6Ln9s-wkUhqou0194wqjde249IzAm0uR3nDVSHd25q7Jm6dNn33b5c71D729eohePxHG/s72-c/3.jpg)