ရုရှားနိုင်ငံတောင်ပိုင်း၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ခဲ့

ရုရှားနိုင်ငံ တောင်ပိုင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးလုပ်ဆောင်နေသော ရုရှားတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)
 မော်စကို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

    ရုရှားနိုင်ငံတောင်ပိုင်း Ingushetia ၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားလုံခြုံရေးတပ်ဖွဲ့ ဝင်များက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှင့် ဆက်စပ်မှုရှိပြီး ပြည်ထောင်စုအစိုးရ၏ အလိုရှိတရားခံ စာရင်းတွင် ပါဝင်နေသူ တစ်ဦး အပါအဝင် အကြမ်းဖက်သမား ၂ ဦးကို Nazran ခရိုင် Ali Yurt ကျေးရွာအနီးတွင် အသေ ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဆိုသည်။

အဆိုပါ အကြမ်းဖက်သမား နှစ်ဦး နှင့် အပြန်အလှန်ပစ်ခတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက “ အဲဒီ အကြမ်းဖက်သမား နှစ်ဦးစလုံးကို သုတ်သင်ခဲ့တာပါ” ဟု ကော်မတီက ဆိုသည်။ ၄င်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားများထံမှ လက်နက်မျိုးစုံ ၊ ကျည်ဆံများ ၊ ဖောက်ခွဲရေးကိရိယာများ နှင့် အခြား အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ကော်မတီက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှားနိုင်ငံတောင်ပိုင်း၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ခဲ့ ရုရှားနိုင်ငံတောင်ပိုင်း၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ခဲ့ Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.