စပယ်ယာနှင့် ဒရိုင်ဘာ စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


ရန်ကုန် ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် (၁၂) ရပ်ကွက် ကံကော် ၂ လမ်းတွင် ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်က အရက်ဆိုင်မှပြန်လာသော ကျောင်း ကြိုပို့ကားမောင်းသူ ကိုနေထက် အောင်ကို လမ်းတွင်ဖြတ်စောင့်နေ သော စပယ်ယာအောင်အောင်(ခ) အောင်ကြီး(၂၂နှစ်)က ဓားနှင့်ထိုးခဲ့ ၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညပိုင်းက နှစ်ဦးသားအရက်ဆိုင်တွင် စကား များရန်ဖြစ်ခဲ့ကာ (၁၂)ရပ်ကွက်နေ သူ အောင်အောင်(ခ)အောင်ကြီးက ဆိုင်မှစော၍ပြန်သွားပြီး လမ်းတွင် စောင့်ကာ ကိုနေထက်အောင်ကို ကံကော် ၂ လမ်း၌ ဓားဖြင့်ထိုးခဲ့ ခြင်းဖြစ်သည်။ ထိုးချက်ကြောင့် ဝဲရင်အုံတွင် ဓားဒဏ်ရာရရှိခဲ့ပြီး ပြေးသွားခဲ့ရာ ကံကော် ၁ လမ်း အရောက် လဲကျသေဆုံးခြင်းဖြစ် သည်။
ရွှေပြည်သာမြို့နယ် ၁၂ ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးစန်း အောင်က ''ကျောင်းကားပို့တဲ့ စပယ်ယာနဲ့ ယာဉ်မောင်းအရက် ဆိုင်ကအပြန်မှာ စပယ်ယာကောင် လေးက ဓားနဲ့ထိုးတယ်လို့ သိရ တယ်။ ပွဲချင်းပြီးတစ်ချက်တည်း နဲ့သေတာပါ။ အရက်သောက် စကားများ ရန်ဖြစ်ရင်းက ဖြစ်တာ ပါ။ညကတော့ဓားနဲ့ထိုးတဲ့ကလေး ကိုမမိဘူး။အခုမနက်တော့ ရဲစခန်း မှာသွားအဖမ်းခံတယ်ဆိုတာ သိရ တယ်''ဟုရှင်းပြသည်။

အဆိုပါအမှုကို မြို့မရဲစခန်း ဒုရဲအုပ် ရဲလင်းဇော်က တရားလို ပြုလုပ်၍ ပုဒ်မ ၃ဝ၂၊ ပ-၁၃၉/ ၂ဝ၁၈ အရ တရားခံကို အပြစ်ပေး အရေးယူရန်စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ကိုမိုး(ရွှေပြည်သာ)
The Union Daily
https://www.facebook.com/uniondaily.net
စပယ်ယာနှင့် ဒရိုင်ဘာ စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား စပယ်ယာနှင့် ဒရိုင်ဘာ စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.